တပ်မတော် လှူဒါန်း

A d v e r t i s e m e n t With Us

June 27, 2020

ရုပ်ရှင်ပညာရှင်များကို စားသောက်ကုန်များ တပ်မတော် လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုတွေက ရုပ်ရှင်ပညာရှင်တွေအတွက် ဆန် ဆီရိက္ခာတွေနဲ့ COVID-19  ရောဂါ ကာကွယ်ရေး အထောက်အကူ ပြုပစ္စည်းတွေ မနေ့က ပေးအပ်လှူဒါန်းခဲ့ပါတယ်။ COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး အသွားအလာကန့်သတ်ချက်တွေရှိတာကြောင့် ရုပ်ရှင်အနုပညာရှင်တွေ စားသောက်ရေး အဆင်ပြေစေဖို့အတွက် ဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။ ဒါတွေကို မနေ့က ရန်ကုန်၊ ဒဂုံမြို့နယ်က တပ်မတော်ခန်းမမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတို့ဆီ ပေးအပ်ခဲ့တာပါ။ ရုပ်ရှင်ပညာရှင်တယောက်စီကို ဆန် ၆ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၅၀ ကျပ်သား၊ ကြက်ဥ ၁၀ လုံး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို Surgical Mask  အခု ၁၅၀၀ နဲ့ ရေမလိုလက်သန့် ဆေးရည် ၁၀ ဘူး ပေးအပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
8 months Ago

March 22, 2020

COVID-19 ရောဂါကုသရေး အထောက်အကူပြုဆေးဝါးများ တပ်မတော် လှူဒါန်း

ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါကုသရေးအတွက် ငှက်ဖျားရောဂါကုသဆေးကို နယ်စပ်ဒေသမြို့တွေက ဆေးရုံတွေကို လှူဒါန်းခဲ့တယ်လို့ တပ်မတော်က မတ် ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေတဲ့ တရုတ်၊ သြစတြေးလျ၊ အမေရိကန်၊ စပိန်၊ နော်ဝေနဲ့ ထိုင်းနိုင်ငံတို့မှာ အဲဒီရောဂါကို ငှက်ဖျားရောဂါကုသတဲ့ဆေးဖြစ်တဲ့ Chloroquine (ကွီနိုင်း) ကို သုံးပြီး ကုခဲ့ရာမှာ အထောက်အကူဖြစ်ခဲ့လို့ သိရကြောင်း ဖော်ပြထားပါတယ်။ အဲဒီ Chloroquine ဆေးဟာ တပ်မတော်မှာ သုံးနေတဲ့ ငှက်ဖျားရောဂါ ကုသဆေးဝါးတမျိုး ဖြစ်တာကြောင့် တပ်မတော်မှာ အရန်ထားတဲ့ အဲဒီဆေးကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အလိုက် တပ်မတော်ဆေးရုံတွေမှာရှိတဲ့ Chloroquine ဆေးတွေကို ထုတ်နုတ်ပြီး မနေ့က သွားရောက်ပေးအပ် လှူဒါန်းခဲ့တာပါ။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေမှာ လွယ်ဂျယ်နဲ့ ကန်ပိုက်တီမြို့က ပြည်သူ့ဆေးရုံ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေမှာ လားရှိုးမြို့၊ လောက်ကိုင်မြို့၊ ချင်းရွှေဟော်မြို့၊ မူဆယ်မြို့နဲ့ နမ့်ခမ်းမြို့တို့က ပြည်သူ့ဆေးရုံတွေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေမှာ လွိုင်ကော်၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်နယ်မြေမှာ တာချီလိတ်မြို့နဲ့ မိုင်းဆက်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေမှာ ဘုရားသုံးဆူမြို့နဲ့ မြဝတီမြို့၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နယ်မြေမှာ ထီးခီး၊ မောတောင်ဒေသနဲ့ ကော့သောင်းမြို့နယ်တို့က နယ်မြေခံ ကျန်းမာရေး ဝန်ထမ်းတွေကို သွားရောက်ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
12 months Ago
Up