အမေရိကန် ကြည်းတပ်နဲ့ ရေတပ်ဘောလုံးပွဲကို ဒီဇင်ဘာ ၁၄ ရက်က လာရောက် အားပေးတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ကို နှစ်သင်းစလုံးက နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပါတယ်။
အမေရိကန်အောက်လွှတ်တော်မှာ ဒီမိုကရက်တွေက သမ္မတထရမ့်ကို ပြစ်တင်စွပ်စွဲဖို့ ကြိုးပမ်းနေပါတယ်။ အောက်လွှတ်တော်တရားရေးကော်မတီကနေ သမ္မတ ထရမ့် ပြစ်တင်စွပ်စွဲရေးကို ထောက်ခံမဲ ၂၃ မဲ၊ ကန့်ကွက်မဲ ၁၇ မဲ ဆန္ဒမဲပေးခဲ့ပါတယ်။
ယူကရိန်းအရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး အာဏာအလွဲသုံးမှု၊ ဒီမိုကရက်တွေရဲ့ စုံစမ်းရေးကို ပိတ်ပင်တားဆီးမှု စွဲချက်တွေနဲ့ သမ္မတ ဒေါ်နယ်ထရမ့်ကို ပြစ်တင်စွပ်စွဲမှာပါ။
ဒီမိုကရက်လွှမ်းမိုးတဲ့ အောက်လွှတ်တော်က ဒီစွဲချက်တွေကို တင်းပြည့်ထောက်ခံရင် သမ္မတ ထရမ့်ဟာ ပြစ်တင်စွပ်စွဲခံရတဲ့ တတိယမြောက် အမေရိကန်သမ္မတ ဖြစ်ဖွယ် ရှိပါတယ်။
အဲဒီအတွက် ရီပတ်ဘလီကန် ကြီးစိုးတဲ့ အထက်လွှတ်တော်မှာ ထရမ့်အနေနဲ့ တရားရင်ဆိုင်ရနိုင်ပြီး ရီပတ်ဘလီကန်ပါတီဝင်တွေကတော့ သမ္မတ ထရမ့်ကို ရာထူးကနေ ဖယ်ရှားလိုစိတ် မရှိဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago