တပ်မတော်အကြီးအကဲများ ညီလာခံ

September 10, 2019

၁၁ ကြိမ်မြောက် အင်ဒိုပစိဖိတ် တပ်မတော်အကြီးအကဲများ ညီလာခံ ကျင်းပ

၁၁ ကြိမ်မြောက် အင်ဒိုပစိဖိတ် တပ်မတော်အကြီးအကဲများ ညီလာခံဖွင့်ပွဲကို ထိုင်းနိုင်ငံနဲ့ အမေရိကန်နိုင်ငံက ထိပ်တန်းအရာရှိတွေ စက်တင်ဘာ ၉ ရက်က တက်ရောက်ပါတယ်။ ဒါဟာ ဒေသတွင်း ကာကွယ်ရေးဦးစီးချုပ်တွေ နှစ်နှစ် တခါ စုရုံးတဲ့ အကြီးဆုံး ညီလာခံတွေထဲက တခုပါ။ ထိုင်းကာကွယ်ရေးဦးစီးချုပ် အပီရတ် ကောင်းဆွန်ပွန်နဲ့ အမေရိကန် စစ်ဦးစီး အရာရှိချုပ် ဂျိမ်းစ် မက်ကွန်ဗေလီတို့က ဖွင့်ပွဲကို ဦးဆောင်ပါတယ်။ ကမ္ဘာတလွှား ဆိုင်ဘာစစ်ပွဲနဲ့ လူကုန်ကူးမှု၊ မူးယစ်ကုန်ကူးမှုတို့လို လုံခြုံရေး ခြိမ်းခြောက်မှုတွေ ရှိနေတာကို ရည်ညွှန်းရင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးကြီးပုံကို သူတို့က ပြောဆိုခဲ့ကြပါတယ်။  ဘုံအကျိုးစီးပွားအတွက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်သင့်တယ်၊ ဒါမှ ဒေသတွင်း ရေရှည်လုံခြုံရေးကို ဦးတည်မယ်၊ ဘုံအကျိုးစီးပွားအတွက် စီးပွားရေးလည်း ဖွံ့ဖြိုးစေလိမ့်မယ်လို့ အမေရိကန် စစ်ဦးစီးအရာရှိချုပ်က ပြောပါတယ်။ ဒေသတွင်း အစည်းအဝေးကို စက်တင်ဘာ ၁၁ ရက်နေ့ထိ ကျင်းပမှာပါ။ တရုတ်၊ အိန္ဒိယ၊ ဗြိတိန်၊ သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေ အပါအဝင် အင်ဒိုပစိဖိတ်ဒေသတွင်း နိုင်ငံ လေးဆယ်နီးပါးက အကြီးတန်း အရာရှိတွေနဲ့ စစ်ဘက် အကြီးအကဲတွေ ဒီညီလာခံကို တက်ရောက်ကြပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ၁၁ ႀကိမ္ေျမာက္ အင္ဒိုပစိဖိတ္ တပ္မေတာ္အႀကီးအကဲမ်ား ညီလာခံ က်င္းပ ၁၁ ႀကိမ္ေျမာက္ အင္ဒိုပစိဖိတ္ တပ္မေတာ္အႀကီးအကဲမ်ား ညီလာခံဖြင့္ပြဲကို ထိုင္းႏိုင္ငံနဲ႔ အေမရိကန္ႏိုင္ငံက ထိပ္တန္းအရာရွိေတြ စက္တင္ဘာ ၉ ရက္က တက္ေရာက္ပါတယ္။ ဒါဟာ ေဒသတြင္း ကာကြယ္ေရးဦးစီးခ်ဳပ္ေတြ ႏွစ္ႏွစ္ တခါ စု႐ုံးတဲ့ အႀကီးဆုံး ညီလာခံေတြထဲက တခုပါ။ ထိုင္းကာကြယ္ေရးဦးစီးခ်ဳပ္ အပီရတ္ ေကာင္းဆြန္ပြန္နဲ႔ အေမရိကန္ စစ္ဦးစီး အရာရွိခ်ဳပ္ ဂ်ိမ္းစ္ မက္ကြန္ေဗလီတို႔က ဖြင့္ပြဲကို ဦးေဆာင္ပါတယ္။ ကမာၻတလႊား ဆိုင္ဘာစစ္ပြဲနဲ႔ လူကုန္ကူးမႈ၊ မူးယစ္ကုန္ကူးမႈတို႔လို လုံၿခဳံေရး ၿခိမ္းေျခာက္မႈေတြ ရွိေနတာကို ရည္ၫႊန္းရင္း အျပန္အလွန္ ပူးေပါင္းေဆာင္႐ြက္မႈရဲ႕ အေရးႀကီးပုံကို သူတို႔က ေျပာဆိုခဲ့ၾကပါတယ္။ ဘုံအက်ိဳးစီးပြားအတြက္ အျပန္အလွန္ ပူးေပါင္းေဆာင္႐ြက္မႈေတြ ဆက္လုပ္သင့္တယ္၊ ဒါမွ ေဒသတြင္း ေရရွည္လုံၿခဳံေရးကို ဦးတည္မယ္၊ ဘုံအက်ိဳးစီးပြားအတြက္ စီးပြားေရးလည္း ဖြံ႕ၿဖိဳးေစလိမ့္မယ္လို႔ အေမရိကန္ စစ္ဦးစီးအရာရွိခ်ဳပ္က ေျပာပါတယ္။ ေဒသတြင္း အစည္းအေဝးကို စက္တင္ဘာ ၁၁ ရက္ေန႔ထိ က်င္းပမွာပါ။ တ႐ုတ္၊ အိႏၵိယ၊ ၿဗိတိန္၊ ၾသစေၾတးလ်၊ ဘဂၤလားေဒ့ရွ္ ႏိုင္ငံေတြ အပါအဝင္ အင္ဒိုပစိဖိတ္ေဒသတြင္း ႏိုင္ငံ ေလးဆယ္နီးပါးက အႀကီးတန္း အရာရွိေတြနဲ႔ စစ္ဘက္ အႀကီးအကဲေတြ ဒီညီလာခံကို တက္ေရာက္ၾကပါတယ္။
2 years Ago
Up