တပ်မတော်သား၁ဦး

March 29, 2021

ဗန်းမော်မြို့က တပ်မတော်သား ၁ ဦး CDM တွင် ပူးပေါင်းပါဝင်

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်သားတစ်ဦး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာတယ်လို့ သိရပါတယ်။

ခလရ ၂၃၆ မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်သား သူရစိုးဟာ မတ် ၁၃ ရက်နေ့ကတည်းက CDM မှာ ပါဝင်ခဲ့တာဖြစ်ပြီး လုံခြုံစိတ်ချရတဲ့ အရပ်နေရာဒေသကို ရောက်ရှိပြီး  မတ်လ ၂၉ ရက်နေ့မှာ ပြည်သူလူထုသိရှိနိုင်ဖို့ တင်ပြတာလို့ ဗန်းမော်လူမှုကွန်ရက်မှာ တင်ထားတာပါတယ်။

တပ်သားသူရစိုးအပါအဝင် သူရဲ့ မိသားစုဝင်ဝန်ထမ်းတွေ အားလုံး CDM မှာ ပူးပေါင်းပါဝင်ပေးနေကြပြီး CDM လှုပ်ရှားမှုမှာ အဆုံးထိ ပါဝင်သွားမယ်လို့ သိရပါတယ်။

8 months Ago
Up