တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်

August 18, 2020

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးတွင် ကိုဗစ်-၁၉ ရောဂါမတွေ့ 

လွှတ်တော်အစည်းအဝေးတက်မယ့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးကို စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။  ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေးနဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွေကို  ဩဂုတ် ၂၀ ရက်မှာ ပြန်လည် ကျင်းပဖို့ရှိတဲ့အတွက် လွှတ်တော်အမတ်တွေကို ကျန်းမာရေးစစ်ဆေးနေတာပါ။  တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးကို မနေ့က နေပြည်တော်ရှိ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးဖို့ ဓာတ်ခွဲနမူနာတွေရယူပြီး  နေပြည်တော်၊ တပ်မတော်ဆေးရုံကြီးရှိ Cobas 6800 ရောဂါရှာဖွေစက်နဲ့ စစ်ဆေးခဲ့ရာမှာ  ရောဂါပိုး မတွေ့ရတာလို့ တပ်မတော်သတင်းမှာဖော်ပြပါတယ်။ ဓာတ်ပုံ-DSINFO
1 year Ago

March 4, 2020

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အားလုံး နှာခေါင်းစည်းတပ်ပြီး လွှတ်တော်တက်

ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တပ်မတော်သား ကိုယ်စားလှယ်များအားလုံးက  နှာခေါင်းစည်း Mask တွေတပ်ကာ တက်ရောက်လာကြပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် Covid 19 ကို အပြည်ပြည်ဆိုင်ရာပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာထားပြီးနောက်ပိုင်း လွှတ်တော်အစည်းအဝေးတွေကို ကျင်းပနေခဲ့ရာမှာ ဒီနေ့ပြုလုပ်တဲ့ အစည်းအဝေးတွင်မှာတော့ တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦးလုံးက Mask တပ်ကာ တက်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။ 

တပ်မတော်အနေနဲ့ အခုနှစ် မတ်လ ၂၇ ရက်မှာပြုလုပ်မယ့် တပ်မတော်နေ့ (၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်အခမ်းအနားကိုလည်း ခေတ္တဆိုင်းငံ့ထားမှာဖြစ်တယ်လို့ မတ်လ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

2 years Ago
Up