တပ်မတော်ယာဉ်တန်း တိုက်ခိုက်ခံရ

July 21, 2020

ရာမောင်တံတားအနီး တပ်မတော်ယာဉ်တန်း တိုက်ခိုက်ခံရ 

ရန်ကုန်-စစ်တွေ ကားလမ်းမကြီးအတိုင်း မင်းပြားမြို့မှ ကမ်းနီဘက်သို့ သင်တန်းသား အရာရှိ၊ စစ်သည်တွေ စီးနင်းလိုက်ပါလာတဲ့ တပ်မတော်အုပ်ချုပ်မှုယာဉ်တန်း တစ်ခုကို အေအေအဖွဲ့က တိုက်ခိုက်ခဲ့လို့ တပ်မတော်မှ အရာရှိ၊ စစ်သည်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။ မနေ့ည ၉ နာရီလောက်မှာ  ရာမောင်တံတားနဲ့ ကမ်းနီကြား တောင်ပုတ်ကေကျေးရွာအနီး နေရာ ၆ နေရာမှာ အလစ်အငိုက် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အခင်းဖြစ်ရာနေရာကို   တပ်မတော်စစ်ကြောင်းတွေက အချိန်မီသွားရောက် ပူးပေါင်းပြီး စစ်ကူပစ်ကူဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကိုတော့ တပ်မတော် သတင်းမှာ ဖော်ပြခြင်းမရှိပါဘူး။ 
10 months Ago
Up