တပ်မတော်ထောက်ခံသူ

March 2, 2021

တပ်မတော်ထောက်ခံသူများက လေးခွဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦး မျက်စိကွယ်

တောင်တွင်းကြီးမြို့မှာ ၂၂ ရက်နေ့ ညနေပိုင်းက ပြုလုပ်တဲ့ တပ်မတော်ထောက်ခံပွဲမှာ တပ်ထောက်ခံသူတွေရဲ့ လေးခွနဲ့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ပြည်သူတစ်ဦး မျက်စိအမြင်အာရုံ လုံးဝပျက်စီးသွားတယ်လို့ သိရပါတယ်။

အမြင်အာရုံမျက်စိပျက်စီးသွားသူမှာ တောင်တွင်းကြီးမြို့ အုန်းတော ၁ ရပ်ကွက်မှာနေထိုင်တဲ့ ကိုမျိုးမင်းဦးဖြစ်ပြီး ဖုန်းနဲ့ ဗွီဒီယိုမှတ်တမ်းယူနေရင်း လေးခွနဲ့ ပစ်ခတ်ခံရတာလို့ သိရပါတယ်။

9 months Ago
Up