တပ်မတော်က  တရားစွဲထောင်ချ

February 21, 2020

တပ်မတော်က တရားစွဲထောင်ချထားသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး ပြန်လွတ်လာ

တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် တစ်နှစ် ချခံရတဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီး ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက အင်းစိန်အကျဉ်းထောင်ကနေ လွတ်ရက်စေ့ပြီး  ပြန်လွတ်မြောက်လာပါတယ်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ လူမှုကွန်ရက်မှာ တပ်မတော်ကို ဝေဖန်ပုတ်ခတ်တဲ့ စာသားတွေရေးသားလို့ ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး လင်းထွန်းက တရားလို ပြုလုပ်ကာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့က ဒါရိုက်တာမင်းထင်ကိုကိုကြီးကို အင်းစိန်တရားရုံးကနေ  ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် တစ်နှစ်ကျခံဖို့ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ သတင်း - နန့်ခိုင်
2 years Ago
Up