တပ်မတော်ကခေါ်ယူစစ်ဆေး

February 18, 2020

တပ်မတော်က ခေါ်ယူစစ်ဆေးခဲ့သည့် အရပ်သား ၁ ဦး ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံသို့ ပို့ဆောင်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာက အရပ်သားတစ်ဦးကို တပ်မတော်က ခေါ်ယူစစ်ဆေးရာမှာ ဒဏ်ရာပြင်းထန်စွာရရှိသွားလို့ စစ်တွေဆေးရုံသို့ အရေးပေါ်တင် ထားရပါတယ်။ ဒဏ်ရာရရှိသူဟာ အသက် ၃၀ နှစ်အရွယ် ကိုဌေးလှိုင်ဆိုသူဖြစ်ပြီး ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၃ နာရီလောက်က တပ်မတော်စစ်ကြောင်းတခုက ခေါ်ယူစစ်ဆေးမှုခံရစဉ် ရိုက်နှက်ခံရတာလို့ ကာယကံရှင်က ပြောပါတယ်။ သူဟာ မျက်နှာအပြင် ဦးခေါင်း၊ ခြေ၊ လက်တွေမှာလည်း  ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး စိတ်တွေဂယောင်ခြောက်ခြားနဲ့အလန့်တကြားဖြစ်နေတာမို့ ဆေးကုသဖို့ စစ်တွေဆေးရုံသို့ အရေးပေါ်တင်ဆောင်လာရတာလို့ မိသားစုဝင်တွေက ပြောပါတယ်။ မင်းပြားမြို့နယ် ဖားပြိုကျေးရွာအနီးမှာ ဖေဖော်ဝါရီ ၁၄ ရက်က တပ်မတော် တပ်မ(၅၅) လက်အောက်ခံ၊ ဗထူးအခြေစိုက်ခမရ(၅၀၈) တပ်ရင်း နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ Photo - Kaung Mrat Naing / MPA 
1 year Ago
Up