တပ်မ

September 21, 2019

ဘူးသီးတောင် တပ်မကို အေအေအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အခြေစိုက် စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် (စကခ) တပ်မ ၁၅ ကို စက်တင်ဘာ ၂၀ ရက်နေ့ ညနေ ၅ နာရီလောက်က အေအေအဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အဆောက်အအုံတချို့ ပျက်စီးသွားခဲ့ပြီး ကလးငယ် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ “ဒီနေ့ ညနေပိုင်းပါ၊ လက်နက်ကြီး ၄ လုံး ပစ်တယ်၊ ၃ လုံး ပေါက်ကွဲတယ်၊ အဝေးက လှမ်းပစ်တာပါ။ အဆောက်အအုံအချို့ ပျက်စီးသွားတယ်၊ ထိခိုက်ဒဏ်ရာရရှိသူကတော ကလေး ၂ ဦးပါ။ စိုးရိမ်စရာတော့ မရှိပါဘူး။” အဆိုပါပစ်ခတ်ခံရတဲ့ တပ်မဟာ ဘူးသီးတောင်မြို့အရှေ့ဘက် ၃ မိုင်လောက်ကွာ ဘူးသီးတောင်-စိုင်းတင်ကားလမ်း ဘယ်ဘက်မှာ တည်ရှိတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၉ ရက်နေ့ ည ၁၁ နာရီကျော်ကလည်း ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာကျေးရွာ အရှေ့ဘက်ရှိ တပ်မတော်က နေရာယူထားတဲ့ ကျောင်းတောင် တောင်ကုန်းကို ရက္ခိုင့်တပ်တော်(အေအေ)က လာရောက် တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အတည်ပြု ပြောကြားပါတယ်။ “တိုက်ပွဲ ဖြစ်ပွားခဲ့တာ မှန်တယ်။ ည ၁၁ နာရီကျော်မှာ ဥယျာဉ်သာကျေးရွာ အရှေ့ဘက်မှာ ရှိတဲ့ စေတီဟောင်းတောင်ကုန်းကို အေအေက လာရောက် ပစ်ခတ်တာကြောင့် တိုက်ပွဲ ဖြစ်ခဲ့တယ်၊ အထိအခိုက် တစုံတရာတော့ မရှိပါဘူး၊ စခန်းတောင်ကုန်းလည်း ဘာမှ မဖြစ်ပါဘူး။” လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အပေါ် အေအေဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNTJP/MNDAA)၊ တအာင်း လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA )၊ ရက္ခိုင့်တမပ်မတော် (ULA/AA) တို့ဟာ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တဖက်သတ် အပစ်အခတ် ရပ်စဲကြောင်း စက်တင်ဘာ ၂ဝ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။ ကောင်းကောင်း ~~~~~~~~~~~~~~~~~~~~ Zawgyi_version ဘူးသီးေတာင္ တပ္မကို ေအေအအဖြဲ႕က လက္နက္ႀကီးျဖင့္ ပစ္ခတ္ ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ အေျခစိုက္ စစ္ဆင္ေရးကြပ္ကဲေရးဌာနခ်ဳပ္ (စကခ) တပ္မ ၁၅ ကို စက္တင္ဘာ ၂၀ ရက္ေန႔ ညေန ၅ နာရီေလာက္က ေအေအအဖြဲ႕က လက္နက္ႀကီးနဲ႔ ပစ္ခတ္ခဲ့တာေၾကာင့္ အေဆာက္အအုံတခ်ိဳ ပ်က္စီးသြားခဲ့ၿပီး ကလးငယ္ ၂ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။ “ဒီေန႔ ညေနပိုင္းပါ၊ လက္နက္ႀကီး ၄ လုံး ပစ္တယ္၊ ၃ လုံး ေပါက္ကြဲတယ္၊ အေဝးက လွမ္းပစ္တာပါ။ အေဆာက္အအုံအခ်ိဳ႕ ပ်က္စီးသြားတယ္၊ ထိခိုက္ဒဏ္ရာရရွိသူကေတာ ကေလး ၂ ဦးပါ။ စိုးရိမ္စရာေတာ့ မရွိပါဘူး။” အဆိုပါပစ္ခတ္ခံရတဲ့ တပ္မဟာ ဘူးသီးေတာင္ၿမိဳ႕အေရွ႕ဘက္ ၃ မိုင္ေလာက္ကြာ ဘူးသီးေတာင္-စိုင္းတင္ကားလမ္း ဘယ္ဘက္မွာ တည္ရွိတယ္လို႔ သိရပါတယ္။ စက္တင္ဘာ ၁၉ ရက္ေန႔ ည ၁၁ နာရီေက်ာ္ကလည္း ဘူးသီးေတာင္ၿမိဳ႕နယ္ ဥယ်ာဥ္သာေက်း႐ြာ အေရွ႕ဘက္ရွိ တပ္မေတာ္က ေနရာယူထားတဲ့ ေက်ာင္းေတာင္ ေတာင္ကုန္းကို ရကၡိဳင့္တပ္ေတာ္(ေအေအ)က လာေရာက္ တိုက္ခိုက္ခဲ့တာေၾကာင့္ တိုက္ပြဲ ျဖစ္ပြားခဲ့တယ္လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက အတည္ျပဳ ေျပာၾကားပါတယ္။ “တိုက္ပြဲ ျဖစ္ပြားခဲ့တာ မွန္တယ္။ ည ၁၁ နာရီေက်ာ္မွာ ဥယ်ာဥ္သာေက်း႐ြာ အေရွ႕ဘက္မွာ ရွိတဲ့ ေစတီေဟာင္းေတာင္ကုန္းကို ေအေအက လာေရာက္ ပစ္ခတ္တာေၾကာင့္ တိုက္ပြဲ ျဖစ္ခဲ့တယ္၊ အထိအခိုက္ တစုံတရာေတာ့ မရွိပါဘူး၊ စခန္းေတာင္ကုန္းလည္း ဘာမွ မျဖစ္ပါဘူး။” လက္နက္ႀကီးနဲ႔ ပစ္ခတ္ခဲ့တဲ့အေပၚ ေအေအဘက္ကို ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။ ညီေနာင္မဟာမိတ္သုံးဖြဲ႕ျဖစ္တဲ့ ကိုးကန႔္တပ္မေတာ္ (MNTJP/MNDAA)၊ တအာင္း လြတ္ေျမာက္ေရးတပ္မေတာ္ (PSLF/TNLA )၊ ရကၡိဳင့္တမပ္မေတာ္ (ULA/AA) တို႔ဟာ ၂ဝ၁၉ ခုႏွစ္ ဒီဇင္ဘာလ ၃၁ ရက္ေန႔အထိ တဖက္သတ္ အပစ္အခတ္ ရပ္စဲေၾကာင္း စက္တင္ဘာ ၂ဝ ရက္ေန႔က ထုတ္ျပန္ေၾကညာထားပါတယ္။ ေကာင္းေကာင္း
2 years Ago
Up