တပ်ပေါင်းစုသပိတ်

June 17, 2021

မန္တလေးက မယိုင်လဲ ခိုင်မြဲတဲ့ တပ်ပေါင်းစုသပိတ်

မန္တလေးမြို့က သပိတ်စစ်ကြောင်းတွေ စုပူးပေါင်းပါဝင်တဲ့ မဟာမိတ်သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ဇွန်လ ၁၇ ရက် ညနေပိုင်းက ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ချီတက်ရာမှာ "မယိုင်လဲတဲ့တပ်ပေါင်းစု ခိုင်မြဲတဲ့တပ်ပေါင်းစု" ဆိုတဲ့ဆိုင်းဘုတ်နဲ့အတူ စစ်အာဏာရှင်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး စတဲ့ကြွေးကြော်သံတွေနဲ့ ဟွန်းတီးသပိတ် လုပ်ခဲ့ကြပါတယ်။

6 months Ago

April 30, 2021

မန္တလေး တပ်ပေါင်းစုသပိတ်စစ်ကြောင်း အရှိန်မပျက် ချီတက်ဆန္ဒပြ

မန္တလေးမြို့မှာ ဧပြီ ၃၀ ရက် မနက်က စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်တပ်ပေါင်းစုစစ်ကြောင်းဟာ အရှိန်မပျက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

တပ်ပေါင်းစု စစ်ကြောင်းမှာ ပညာရေးမိသားစုသပိတ်စစ်ကြောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဒေါင်းစစ်သည်သပိတ်စစ်ကြောင်း၊ အထက-၇ (မန်း)ကျောင်းသား/သူဟောင်းများသပိတ်စစ်ကြောင်း၊ ဘုရားကြီး ငြိမ်းချမ်းရေးသပိတ်စစ်ကြောင်း၊  စိန်ပန်းသပိတ်စစ်ကြောင်း တို့ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။

ချီတက်ရာမှာလည်း စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေး ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ကြွေးကြော်သံတွေနဲ့အတူ ချီတက်ခဲ့ကြပြီး အောင်မြင်စွာ လူစုခွဲနိုင်ခဲ့ပါတယ်။

7 months Ago
Up