တပ်တော်ဝင်

December 24, 2020

တပ်မတော်ရေ နှစ်ပတ်လည်နေ့၌ ရေငုပ်သင်္ဘောမင်းရဲသိင်္ခသူ တပ်တော်ဝင် (ဓာတ်ပုံ)

၇၃ နှစ်မြောက် တပ်မတော်ရေ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို  ဒီဇင်ဘာ ၂၄ ရက်နေ့က သန်လျင်မြို့၊ သီလဝါဆိပ်ကမ်းအနီး ရန်ကုန်မြစ်ထဲမှာ ကျင်းပခဲ့ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပါတယ်။ မြန်မာ့တပ်မတော်ရေရဲ့ ၇၃ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ရေတပ်ရဲ့ ပထမဆုံးရေငုပ်‌သင်္ဘောဖြစ်တဲ့ မင်းရဲသိင်္ခသူဟာ တပ်တော်ဝင်ခဲ့ပါတယ်။ အဲဒီ ရေငုပ်သင်္ဘောကို မြန်မာ့တပ်မတော်က အိန္ဒိယရေတပ်က ဝယ်ယူခဲ့ပြီး ရုရှားက ထုတ်လုပ်ခဲ့တာလို့ သိရပါတယ်။ မင်းရဲသိင်္ခသူနဲ့အတူ မြန်မာနိုင်ငံမှာ တည်ဆောက်ထားတဲ့ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ် ၂ စီး၊ အမြန်သွားတိုက်ခိုက်ရေးရေယာဉ် (ဒုံးပျံ) ၁ စီး၊ တင့်ကားတင်ကမ်းထိုး ရေယာဉ် ၁ စီး၊ ပင်လယ်သွားတွဲဆွဲရေယာဉ် ၂ စီး တပ်တော်ဝင်ခဲ့ပြီး ကာ‌ကွယ်ရေးဦးစီးချုပ်က တက်ရောက်စစ်ဆေးခဲ့သည်။ ၇၃ နှစ်မြောက် တပ်မတော်ရေ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ရုရှားသံအမတ်ကြီးလည်း တက်‌ရောက်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာ့ရေတပ်ကို ၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။ Photo - Ye Myo Khant / MPA 
12 months Ago

December 25, 2019

မြန်မာ့ရေတပ်၏ အကြီးဆုံးစစ်သင်္ဘော မုတ္တမ တပ်တော်ဝင်

တပ်မတော်(ရေ)  ၇၂ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားနဲ့  မြန်မာ့ရေတပ်ရဲ့ အကြီးဆုံးစစ်သင်္ဘော ဖြစ်လာမယ့်  စစ်ရေယာဉ်မုတ္တမအား စတင်အသုံးပြုတဲ့ တပ်တော်ဝင် အခမ်းအနားကို  ရန်ကုန်မြို့ သီလဝါရှိ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှာ ဒီဇင်ဘာ ၂၄ ရက်က ကျင်းပပါတယ်။
ကိုရီးယားနိုင်ငံမှာ တည်ဆောက်ခဲ့တဲ့ မြန်မာရေတပ်ရဲ့ အကြီးဆုံး ဘက်စုံသုံး ထောက်ပံ့ရေးရေယာဉ်မုတ္တမ အပါအဝင် ကမ်းရိုးတန်း သယ်ယူပို့ဆောင်ရေးရေယာဉ်( မြစ်ကြီးနား)၊ ၂၇ မီတာ အမြန်သွားကင်းလှည့်ရေယာဉ် ၂ စီး၊ ၂၆ မီတာ ပင်လယ်သွားတွဲ/ ဆွဲရေယာဉ် ၂ စီးနဲ့ ၂၀ မီတာမြစ်တွင်းသွား ကင်းလှည့်ရေယာဉ် ၂ စီးတို့ကိုလည်း  တပ်တော်ဝင်ခဲ့ပါတယ်။  ဒီဇင်ဘာ ၂၄ ရက်မှာ ကျရောက်တဲ့ မြန်မာ့တပ်မတော်(ရေ) ၇၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်မြို့ရှိ အမှတ် (၃) ရေတပ်ဆိပ်ခံတံတားမှာ  ကျင်းပရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) နဲ့ တပ်မတော် ထိပ်တန်းအရာရှိတွေ တက်ရောက်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာမှာ ဒီနေ့ဟာ တပ်မတော်(ရေ)အတွက် သမိုင်းသစ်စခဲ့တဲ့ နေ့တနေ့ဖြစ်ပြီး မြန်မာနိုင်ငံမှာ အကြီးမားဆုံး ဘက်စုံသုံး ထောက်ပံ့ရေးရေယာဉ်ကြီးအပါအဝင် စစ်ရေယာဉ်တွေ တပ်တော်ဝင်နိုင်ခဲ့ကြောင်း၊ မြန်မာ့တပ်မတော်(ရေ)ကို သာမန်ရေတပ်မှ နိုင်ငံတကာအဆင့် ဝင်ဆံ့နိုင်တဲ့ ပင်လယ်ပြာတပ်မတော်အဆင့် ရောက်အောင် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်၊၊ ဒါ့အပြင် ရေတပ်သင်္ဘောကျင်းအနေနဲ့ ဖရီးဂိတ်စစ် ရေယာဉ်ကစပြီး  ရေယာဉ်မျိုးစုံကို တည်ဆောက်နိုင်ခဲ့လို့ တိုင်းပြည်အတွက် ငွေကြေးကုန်ကျမှုကို လျှော့ချနိုင်ခဲ့တယ်၊ သင်္ဘောကျင်းဌာနချုပ်ကို အဆင့်မြှင့်တင် ဆောင်ရွက်နေလို့ အနာဂတ်မှာ အရည်အသွေးနဲ့ စွမ်းရည်ပိုမိုကောင်းမွန်တဲ့ စစ်ရေယာဉ်တွေ ဆက်လက်တည်ဆောက်နိုင်မယ်လို့ ပြောပါတယ်။ အခမ်းအနားမှာ ဖရီးဂိတ်စစ်ရေယာဉ်-အောင်ဇေယျ ဦးဆောင်တဲ့ ဖရီးဂိတ်စစ်ရေယာဉ်-ကျန်စစ်သား၊ ဖရီးဂိတ်စစ်ရေယာဉ်-ဆင်ဖြူရှင်၊ ကော်ဗက် စစ်ရေယာဉ်-တပင်ရွှေထီး၊ ကော်ဗက်စစ်ရေယာဉ်-ဘုရင့်နောင်နဲ့ အမြန်သွား တိုက်ခိုက်ရေးရေယာဉ်တွေက  Single Line Formation ပုံစံဖြင့် ပုံပြုမောင်းနှင်ပြီး ချီတက်အလေးပြုခဲ့ကြပါတယ်။
Photo - MPA
2 years Ago
Up