ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်နိုင်ရေးအတွက် လူတွေ သွားလာလှုပ်ရှားမှု ထိန်းချုပ်ဖို့ အမိန့်ထုတ်ထားတာကို စည်းကမ်းရှိရှိ လိုက်နာစေဖို့ မလေးရှား စစ်တပ်ကလည်း ရဲတပ်ဖွဲ့ကို ကူညီပေးသွားမှာပါ။
မလေးရှားစစ်တပ် အကြီးအကဲဗိုလ်ချုပ်ကြီး တန်ဆရီအဖန်ဒီဘူအန်က စစ်တပ်နဲ့ရဲ တပ်ဖွဲ့တို့ဟာ ပြည်သူတွေ စည်းကမ်းလိုက်နာဖို့ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေ လိုက်နာအောင် ပူးတွဲလုပ်ဆောင်သွားကြမယ်လို့ ပြောပါတယ်။
မလေးရှားဟာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုထိန်းချုပ်ရေးအတွက် movement control order (MCO) လို့ခေါ်တဲ့ သွားလာလှုပ်ရှားမှု ထိန်းချုပ်ရေးအမိန့်ကို နိုင်ငံတဝန်း လိုက်နာဖို့ ထုတ်ပြန်ထားပါတယ်။
ကြည်းတပ်၊ ရေတပ်နဲ့ လေတပ်တို့ဟာ ရဲတပ်ဖွဲ့နဲ့အတူ နိုင်ငံတဝန်း MCO အမိန့်ထုတ်ပြန်ထားတဲ့ကာလမှာ ကင်းလှည့်သွားမယ်၊ သက်ဆိုင်ရာတာဝန်တွေ ထမ်းဆောင်သွားမယ်လို့ စစ်တပ် အကြီးအကဲက ပြောထားတာကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြခဲ့ပါတယ်။
ဒီနေ့မနက် ၁၀ နာရီအထိ မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၃၀၆ ဦး၊ သေဆုံးသူ ၁၀ ဦးနဲ့ ပြန်လည်ကောင်းမွန်းလာသူ ၁၃၉ ဦးရှိတယ်လို့ သိရပါတယ်။
11 months Ago