မွန်ပြည်နယ်၊ ဘီးလင်း ရေဘေးမှာ ကူညီကယ်ဆယ်ရင်း ရေစီးထဲ မျောပါ ပျောက်ဆုံးသွားတဲ့ တပ်မတော်သား သုံးယောက်ထဲမှာ နောက်ဆုံး ပြန်တွေ့ရတဲ့ ကျိုက်ထို တပ်မ (၄၄) ခ.မ.ရ (၂)မှ တပ်သားကျော်ကျော်ရဲ့ ဈာပနကို မနေ့ ညနေက ဘီးလင်းသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။
ဘီးလင်းသုသာန်မှာ ကျင်းပတဲ့ ဈာပနကို တပ်မ (၄၄) G1 ကိုယ်တိုင် ဦးဆောင်ပြီး ဘီးလင်းမြို့နယ် ခ.လ.ရ (၈) တပ်ရင်းမှူးနဲ့ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်တွေ အားလုံး တက်ရောက်ကာ စစ်အခမ်းအနားနဲ့ ကောင်းမွန်စွာ သင်္ဂြိုဟ်ပါတယ်။
ပျောက်ဆုံးတပ်မတော်သား ၃ ယောက်ထဲကမှ နောက်ဆုံး ကျန်ရှိတဲ့ ၃ ယောက်မြောက် တပ်သားတယောက်ရဲ့ အလောင်းကို ထပ်မံတွေ့ခဲ့ပြီး နောက် မီးသင်္ဂြိုဟ်ခဲ့တာ ဖြစ်ပါတယ်။
5 years Ago