တပ်မတော်နေ့  ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် လမ်းပိတ်မည်

March 26, 2019

တပ်မတော်နေ့  ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် လမ်းပိတ်မည်

(၇၄) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ကျင်းပမှာဖြစ်လို့  မတ်လ ၂၇ ရက်နေ့ ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ ယာယီ လမ်းပိတ်/လမ်းလွှဲမယ်လို့ နေပြည်တော် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက သတိပေးနှိုးဆော်ထားပါတယ်။   ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ပျဉ်းမနားမြို့နယ် ဘောဂသီရိ မီးပွိုင့်ကနေ ဇေယျာသီရိမြို့နယ် သိုက်ချောင်းလမ်းဆုံမီးပွိုင့်အထိ ယာဉ်သွား လာမှုတွေကို မနက်  ဝဝးဝ၅ အချိန်မှ ၁ဝးဝဝ အချိန်အထိ ခေတ္တ လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် မော်တော်ယာဉ် မောင်းနှင်သွားလာနေကြတဲ့ ယာဉ်မောင်းတွေအနေနဲ့ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ သိုက်ချောင်းလမ်းဆုံမီးပွိုင့် မှ နိဗ္ဗာန်လမ်း(မြို့ပတ်လမ်း)အတိုင်း ခွာညိုပန်းအဝိုင်းအထိ၊ ၄င်းမှ ရာဇသင်္ဂဟလမ်းအတိုင်း ကုမုဒြာ ကြာပန်းအဝိုင်းအထိ၊ ရာဇဌာနီလမ်း အတိုင်း ပျဉ်းမနားမြို့နယ် ပန်းခင်းလမ်းမီးပွိုင့်- ဘောဂသီရိ မီးပွိုင့်မှတဆင့် ရန်ကုန်-မန္တလေး လမ်းဟောင်းမှ လမ်းလွှဲမောင်းနှင်ပေးကြဖို့  သတိပေးနှိုးဆော် ထားပါတယ်။
3 years Ago
Up