တပ်မတော်

July 20, 2019

ရသေ့တောင်တွင် တပ်​မ​တော်​​ရေယာဉ်တစီး ​ပစ်ခတ်ခံရ

ရ​ခိုင်​ပြည်​နယ်​ ရသေ့​တောင်​မြို့နယ်​ ပြာပင်​ရင်း ​ချောင်းဝမှာ ​ရပ်​နားထားတဲ့ တပ်​မတော်​ ​ရေတပ်ပိုင် ရေယာဉ်တစီးကို ဇူလိုင်​ ၂၀ ရက်​​နေ့ မနက်​ ၅ နာရီလောက်မှာ အေအေအဖွဲ့က ပစ်ခတ် တိုက်​ခိုက်​ခဲ့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အတည်​ပြု​ပြောကြားပါတယ်​။ “ပစ်​ခတ်​တိုက်​ခိုက်​ခံရတာ မှန်​ပါတယ်။ ဘာမှ ဖြစ်​မသွားပါဘူး၊ ထိခိုက်​မှု ဘာမှမရှိပါဘူး၊ နယ်​​မြေရှင်းလင်း​ရေးက​တော့ ထုံးစံအတိုင်း ​ဆောင်​ရွက်​လျက်​ပါ" လို့​ ပြောကြားပါတယ်​။ ရေတပ်​သ​င်္ဘော ပစ်​ခတ်​တိုက်​ခံရတာကြောင့် အနီးအနား ကျေးရွာတွေက ကျေးရွာသားတွေ စိုရိမ်​ပြီး​ ရွာလုံးကျွတ်​နီးပါး ထွက်​​ပြေး​​နေကြ​တယ်လို့ ရခိုင်​ပြည်​နယ်​ မဲဆန္ဒနယ်အမှတ်​ ၃ အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးခင်​​မောင်​လတ်​က ပြောပါတယ်​။ "သ​င်္ဘောက ၂ စီး ရပ်​နားထားတာပါ။ ပစ်​ခတ်​ခံရတဲ့အစီးက စစ်​သည်​​တွေကိုတင်​ပြီး ဟိုဘက်​ကမ်းကို ပို့​ပေး​နေတဲ့ ဇက်​သ​င်္ဘောပါ။ တိုက်​ပွဲဖြစ်​တယ်​ဆို​တော့ ရွာသူ/သား​တွေ ထွက်​​ပြေးကြတာက​တော့ အမြဲထွက်​​ပြေး​နေကြပါ။ စစ်​တပ်​​ရောက်​လာရင်​ ​ကြောက်​ကြတယ်​၊ ​​ပြေးကြတယ်၊​ ဒါက ထုံးစံလိုဖြစ်​​နေပါပြီ။ ​ရေတပ်​က ပစ်​တဲ့ လက်​နက်​ကြီး​တွေကလည်း ရွာအနီးအနား​တွေကို ကျ​နေ​တော့ ဘယ်​သူ​နေရဲပါမလဲ။ ထွက်​​ပြေးကြတာပါပဲ" လို့ ​ပြောပါတယ်​။ ထွက်​​ပြေး​နြေ​ကတဲ့​ ကျေးရွာသားတွေကတော့ ပြာပင်​ရင်း(​ခေါ်)​အောင်​သစ္စာ​ ကျေးရွာ၊ လုံးတင်​​ကျေးရွာ၊ ခ​တောင်​​ချောင်း နှန်းစီဂုံး​ကျေးရွာတွေက ဖြစ်တယ်လို့ သိရပါတယ်။ အခုလို တပ်မတော်ရေယာဉ်အား ပစ်ခတ်တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် (အေအေ) ပြောခွင့်ရ ခိုင်သုခကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။ ဇူလိုင်​ ၁၉ ရက်​​နေ့ကလည်း မြေပုံမြို့နယ် ပေါက်တူးတောင် ကျေးရွာမှ ၂ မိုင်လောက် ဝေးတဲ့ ကျောက်မော်အနီးမှာ ရေတပ်သင်္ဘောနှစ်စီးနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်​။ ကောင်းကောင်း
2 years Ago

July 12, 2019

တပ်မတော်ကတရားစွဲထားသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်အမှု မစစ်ဆေးဖြစ်

တပ်မတော်အပေါ်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် တရားရုံးမှာ ဇူလိုင် ၁၂ ရက်မနက်က ရုံးထုတ်ခဲ့ပေမယ့် အမှုမစစ်ဆေးဖြစ်ဘဲ ဇူလိုင် ၂၆ ရက်ကို ပြန်လည်ချိန်းဆိုလိုက်ပါတယ်။ ဒီကနေ့ ၇ ကြိမ်မြောက်ရုံးထုတ်ရာမှာ မိသားစုဝင်တွေနဲ့ ကိုနေမျိုးဇင်ဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ လာရောက်ခြင်းမရှိသလို စစ်ဆေးခြင်းလည်း မရှိခဲ့ပါဘူး။ ကိုနေမျိုးဇင်က "ကျနော့်အမှုကို စတင်စစ်ဆေးတာ သုံးလပြည့်တော့မယ်၊ ခုချိန်ထိ ဘာမှ မစစ်ဆေးဖြစ်သေးသလို ရုံးပြောင်းလျှောက်ထားတာလည်း ခုချိန်ထိမသိရသေးပါဘူး။ အမှုစစ်ဆေးဖို့ ကြန့်ကြာနေတာရယ်၊ ရုံးပြောင်းလျှောက်ထားတာ မထူးသေးဘူးတဲ့။ လာရောက်ဝန်းရံသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်အတွက် အချိန်တွေကုန်တယ်"လို့ ပြောပါတယ်။ ဧပြီ ၁ ရက်နေ့က အဖျောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲမှာ စာရေးဆရာထင်လင်းဦး၊ ကိုနေရဲ(ခ)ကိုနန္နအောင်နဲ့ ကိုနေမျိုးဇင်တို့ ဟောပြောခဲ့ကြတာပါ။ ကိုနေမျိုးဇင်ရဲ့ ဟောပြောချက်တွေဟာ တပ်မတော်ကို အကြည်ညိုပျက်စေတယ်ဆိုပြီး တိုက်ကြီးမြို့ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ဒုဗိုလ်မှူးကြီးတိုးလင်းက ဧပြီလ ၃ ရက်နေ့မှာ တရားစွဲဆိုခဲ့တာပါ။ သတင်း -မေသွယ်  
2 years Ago
More News
Up