တပ်စခန်းကို လာတိုက်သည့် စစ်သွေးကြွ ၃ ဦးကို အိန္ဒိယစစ်တပ် ပစ်သတ်

A d v e r t i s e m e n t With Us

October 7, 2016

တပ်စခန်းကို လာတိုက်သည့် စစ်သွေးကြွ ၃ ဦးကို အိန္ဒိယစစ်တပ် ပစ်သတ်

အိန္ဒိယနိုင်ငံက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဘက်မှာ အိန္ဒိယတပ်စခန်းကို စီးနင်းတိုက်ခိုက်ဖို့ လာရောက်တဲ့ စစ်သွေးကြွ ၃ ဦးကို ပစ်သတ်လိုက်တယ်လို့ အိန္ဒိယစစ်တပ်က အောက်တိုဘာ ၆ ရက်နေ့မှာ ပြောပါတယ်။ အဲ့ဒီစစ်သွေးကြွ ၃ ဦးနဲ့ အိန္ဒိယတပ်ဖွဲ့တို့ အပြင်းအထန် တိုက်ခိုက်ခဲ့ကြအပြီး သေဆုံးခဲ့တာလို့လည်း အိန္ဒိယရဲတပ်ဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့လက အိန္ဒိယတပ်စခန်းတခု စစ်သွေးကြွတွေရဲ့ ၀င်ရောက်စီးနင်း တိုက်ခိုက်ခံရပြီး အိန္ဒိယတပ်ဖွဲ့ဝင် ၁၈ ဦး သေဆုံးခဲ့မှုမှာ ပါကစ္စတန်နိုင်ငံက နောက်ကွယ်က ပါဝင်တယ်လို့ အိန္ဒိယနိုင်ငံက စွပ်စွဲခဲ့ပါတယ်။ အဲ့ဒီစွပ်စွဲမှုကို ပါကစ္စတန်က ငြင်းဆန်ပြီး အဲ့ဒီနောက်ပိုင်း နှစ်နိုင်ငံနယ်စပ်မှာ စစ်ရေးတင်းမာမှု အရှိန်မြင့်တက်ခဲ့တာပါ။ တဘက်နဲ့တဘက် ပစ်ခတ်မှုတွေလည်း ရှိခဲ့သလို အပြန်အလှန်လည်း စွပ်စွဲနေကြတာပါ။ ပါကစ္စတန်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ဟာ ကက်ရှ်မီးယားဒေသကို တ၀က်စီပဲ ထိန်းချုပ်ထားကြပေမယ့် နှစ်နိုင်ငံလုံးက ကက်ရှ်မီးယားဒေသတခုလုံးကို ပိုင်ဆိုင်တယ်လို့ ကြေညာနေကြတာ ဖြစ်ပါတယ်။
4 years Ago
Up