တပတ်ရစ်ပစ္စည်းဈေး

February 28, 2017

ဘေကျင်းမြို့တော်ရှိ တပတ်ရစ်ပစ္စည်းဈေးတွင် မီးလောင်

တရုတ်နိုင်ငံ မြို့တော် ဘေကျင်းက တပတ်ရစ်ပစ္စည်းဈေးမှာ ဖေဖော်ဝါရီ ၂၇ ရက်က မီးလောင်ကျွမ်းခဲ့လို့ ဈေးဆိုင်တွေနဲ့ ပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ မနက်ပိုင်း ၈ နာရီလောက်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးသတ်ကား ၄၆ စီး သွားရောက် မီးငြှိမ်းသတ်ခဲ့တယ်လို့ ဘေကျင်းမြို့တော် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ ပရိဘောဂပစ္စည်းတွေရောင်းတဲ့အတန်းက စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဝါယာရှော့က စလောင်တာဖြစ်နိုင်တယ်၊ ဆိုင်ရော၊ ပစ္စည်းရော အမေရိကန်ဒေါ်လာ ၁ သိန်းခွဲလောက် ဆုံးရှုံးသွားတယ်လို့ ဆိုင်ရှင်တဦးက ပြောပါတယ်။ ၁ နာရီကျော်လောက်အကြာမှာ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး လူထိခိုက်သေဆုံးမှုတော့ မရှိခဲ့ဘူးလို့လည်း ဘေကျင်းမြို့တော် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ မီးစတင်လောင်ကျွမ်းမှုကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။
4 years Ago
Up