ကိုရိုနာဗိုင်းရပ်စ်ရောဂါအန္တရာယ်ကြောင့် ဇွန်လ ၁၂ ရက်နေ့မှာ စတင်မယ့် ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲကို ၂၀၂၁ မတိုင်ခင်အထိ တနှစ် ရွေ့ဆိုင်းလိုက်ပါတယ်။
အခုဆုံးဖြတ်ချက်ကို ဥရောပဘောလုံးအဖွဲ့ချုပ်က အရေးပေါ် ဗွီဒီယိုကွန်ဖရန့်ခေါ်ယူပြီး ဆုံးဖြတ်လိုက်တာပါ။
တနှစ် ရွေ့ဆိုင်းလိုက်တာကြောင့် လာမယ့်နှစ် ဇွန် ၁၁ ရက်က စတင်ပြီး ဇူလိုင် ၁၁ ရက်မှာ ပြီးဆုံးမှာပါ။
အလားတူ Nation League ပြိုင်ပွဲတွေနဲ့ အသက် ၂၁ နှစ်အောက် ဘောလုံးပြိုင်ပွဲတွေကို လည်း လာမယ့်နှစ်မှာ ကျင်းပဖို့ ရွေ့ဆိုင်းလိုက်ပါတယ်။
12 months Ago