တနှစ်တာ အကောင်ဆုံး ကစားသမားဆု

A d v e r t i s e m e n t With Us

December 28, 2019

၂၀၁၉ တနှစ်တာ အကောင်းဆုံး ကစားသမားဆုများ ပေးအပ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ မြန်မာလိဂ်တို့ ပူးပေါင်းချီးမြှင့်တဲ့ ၂၀၁၉ ခုနှစ် တနှစ်တာ အကောင်းဆုံး ကစားသမားဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၂၇ ရက်က သုဝဏ္ဏမြက်ခင်းတုကွင်းမှာ ကျင်းပခဲ့ပါတယ်။  အကောင်းဆုံး ကစားသမားဆုကို ရှမ်းယူနိုက်တက်နဲ့ လက်ရွေးစင်နောက်ခံလူ ဒေးဗစ်ထန်က ရန်ကုန်ယူနိုက်တက်က မောင်မောင်လွင်နဲ့ ရတနာပုံအသင်းက လှိုင်းဘိုဘိုတို့ကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့ပါတယ်။အမျိုးသမီး အကောင်းဆုံးကစားသမားဆုကိုတော့ တိုက်စစ်မှူး ရီရီဦးက ရရှိခဲ့ပါတယ်။  လူငယ်အကောင်းဆုံးကစားသမားဆုကိုတော့ ရှမ်းယူနိုက်တက်က ရဲမင်းသူ နဲ့ ဧရာဝတီက လွင်မိုးအောင်တို့ကို ကျော်ဖြတ်ပြီး ရတနာပုံ ကွင်းလယ်လူ မြတ်ကောင်းခန့်က ရရှိခဲ့ပါတယ်။ အမျိုးသမီးလူငယ်အကောင်းဆုံးကစားသမားဆုကို လက်ရွေးစင်နောက်ခံလူ ဖြူဖြူဝင်းက ရရှိခဲ့ပါတယ်။ အကောင်းဆုံးနည်းပြဆုကို ဧရာဝတီနည်းပြ ဦးမျိုးလိူင်ဝင်းနဲ့ ရန်ကုန်ယူနိုက်တက် နည်းပြ ဦးတင်မောင်ထွန်း တို့ကိုကျော်ဖြတ်ပြီး ရှုံးပွဲမရှိ ချန်ပီယံ ရှမ်းယူနိုက်တက်နည်းပြ ဦးအောင်နိုင်က ရယူနိုင်ခဲ့ပါတယ်။ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ဂိုးသွင်းအများဆုံးကစားသမား ဝင်နိုင်စိုးနဲ့ လိဂ် ၂ ပြိုင်ပွဲ ဂိုးသွင်းအများဆုံး တိုက်စစ်မှူး လီယွန်ဆူလီဗန်တို့ကိုလည်း ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ပါတယ်။ 
1 year Ago
Up