တန်းစီ

A d v e r t i s e m e n t With Us

November 8, 2020

မဲပေးရန် တန်းစီနေကြသည့် တောင်ဥက္ကလာပမြို့နယ်က မဲဆန္ဒရှင်များ (ဓာတ်ပုံ)

၂၀၂၀ ရွေးကောက်ပွဲအတွက် တောင်ဥက္ကလာပမြို့နယ်က မဲရုံတချို့မှာ ဒီနေ့မနက်ပိုင်း မဲတင်ပေးနေပြီး လူဦးရေ ရာနဲ့ချီပြီး မဲပေးဖို့ လာရောက် တန်းစီနေကြပါတယ်။ တောင်ဥက္ကလာပမြို့နယ်က မဲရုံတချို့မှာ မဲ​ပေးချိန်မတိုင်မီ မနက် ၅ နာရီလောက်ကတည်းက မဲဆန္ဒပေးမဲ့ပြည်သူတချို့ မဲရုံတွေဆီရောက်ရှိနေပါတယ်။ ရန်ကုန်တိုင်းဟာ ကိုဗစ်-၁၉ ရေ ရောဂါကူးစက်မှု မြင့်မားနေတဲ့ တိုင်းဒေသကြီးတခုဖြစ်တာကြောင့် လူရှင်းမယ့်အချိန် မနက် ၅ နာရီလောက်ကတည်းက မဲပေးဖို့ လာရောက်တန်းစီနေတာလို့ မဲဆန္ဒရှင်တဦးက ပြောပါတယ်။ မဲရုံတွေဆီ မဲလာထည့်တဲ့ ပြည်သူတွေကို မဲရုံဝန်ထမ်းတွေက  Mask ဝေတာနဲ့ Face Shied ပေးတာတွေ လုပ်နေသလို လူချင်းခပ်ခွာခွာတန်းစီခိုင်းတာနဲ့ လက်ဆေးဟန်းဂျယ်တွေ အဆင့်သင့်ပြင်ဆင်ထားတာ ရှိပါတယ်။  တောင်ဥက္ကလာပမြို့နယ်မှာ မဲပေးခွင့်ရှိသူပေါင်း ၁ သိန်း ၃ သောင်းကျော်ရှိပြီး မသန်စွမ်းက ၃၀၀ ကျော်ရှိပါတယ်။ ပထမဆုံးမဲဆန္ဒပေးမယ့်သူ ၁၄၀၀၀ ကျော်၊ အသက် ၆၀ နဲ့အထက်အ အဘိုးအဘွား ၂၃၀၀၀ ကျော်ရှိပါတယ်။ မဲရုံပေါင်းကတော့ ၁၂၄ ရုံ၊ မဲရုံဝန်ထမ်း ၁၉၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။  
4 months Ago

May 1, 2020

တောင်အာဖရိကနိုင်ငံသားများ နှစ်မိုင်ခွဲခန့်တန်းစီပြီး  ရိက္ခာရယူနေရ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ထားတဲ့ တောင်အာဖရိကနိုင်ငံ စန်ကျူရီယန်မြို့မှာ ဧပြီ ၂၉ ရက်က   ထောင်နဲ့ချီတဲ့လူတွေက   နှစ်မိုင်ခွဲနီးပါးတန်းစီပြီး  ဝှေငှတဲ့  စားနပ်ရိက္ခာတွေကို  လက်ခံယူခဲ့ကြ ပါတယ်။     ပုဂ္ဂလိက လုပ်ငန်းအမျိုးမျိုးက   ရိက္ခာထုပ်  ၈၀၀၀ လှူဒါန်းခဲ့ပြီး အဲဒီရိက္ခာတွေကို မူအီပလာစ် အခြေချကျေးရွာမှာ ဖြန့်ဝေခဲ့တာပါ။   သီတင်း ၅ ပတ်ကြာ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး   ကန့်သတ်ချက်တွေအရ  လူအများစု ဟာ   အရေးကြီး ကိစ္စကလွဲရင် နေအိမ်တွေမှာပဲ နေရပြီး  လုပ်ငန်းတွေနဲ့ လူ အတော်များများ  ကတော့ ဝင်ငွေ မရှိဘဲ  ရုန်းကန်နေရပါတယ်။   ဧပြီ ၂၉ ရက်က တောင်အာဖရိကမှာ  ကိုရိုနာဗိုင်းရစ် ထပ်မံကူးစက်သူ  ၃၅၄ ယောက်ရှိပြီး တစ်နေ့တာအတွင်း ကူးစက်သူ အများဆုံး မြင့်တက်ခဲ့ပါတယ်။  ဒါကြောင့်  တောင်အာဖရိကမှာ  ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ စုစုပေါင်း ၅၃၅၀  ဦး ရှိလာ တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
10 months Ago
Up