တန်ဖိုးအများဆုံ

August 21, 2020

စတော့ဈေးကွက်တွင် အက်ပဲလ်ကုမ္ပဏီ  တန်ဖိုးအများဆုံးဖြင့် ထိပ်ဆုံးရပ်တည်

အိုင်ဖုန်းတွေထုတ်တဲ့ အက်ပဲလ်ကော်ပိုရေးရှင်းဟာ စတော့ဈေးကွက်တန်ဖိုး အမေရိကန် ဒေါ်လာ တစ်ထရီလီယံကို ရောက်လာတဲ့ ပထမဆုံး အများပိုင်အမေရိကန်ကုမ္ပဏီ ဖြစ်လာအပြီး ၂ နှစ်အတွင်းမှာပဲ ဈေးကွက်တန်ဖိုး ၂ ထရီလီယကို ရောက်ပြီး ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။  ကာလီဖိုးနီးယားပြည်နယ်အခြေစိုက် ကုမ္ပဏီရဲ့ရှဲယာဈေးဟာ သြဂုတ် ၁၉ ရက်မှာ အမေရိကန်ဒေါ်လာ ၄၆၈ ဒသမ ၆၅ ထိ မြင့်တက်သွားလို့ ဈေးကွက်ပိုင်ဆိုင်မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၂ ဒသမ ၀၀၄ ထရီလီယံကို ရောက်သွားတာပါ။  စတော့ရှယ်ယာကို အကဲခတ်တွေ မျှော်လင့်ထားတဲ့ ပမာဏထက် အကြိမ် ၃၀ ကျော် ပိုပြီး ကုန်သွယ်ခဲ့ကြလို့ ဆယ်စုနှစ်တခုကျော် ကာလအတွင်း အမြင့်ဆုံးအဆင့်ကို ရောက်သွားတာလို့ ဘဏ္ဍာရေးဈေးကွက် သတင်းအချက်အလက်နဲ့ အခြေခံအဆောက်အဦကုမ္ပဏီ ရေးဖစ်နစ်တစ်ဖ်က ဆိုပါတယ်။  မိုက်ခရိုဆော့ဖ်နဲ့ အမေဇုန်တို့ကတော့ အက်ပဲလ်ရဲ့နောက်မှာ ဈေးကွက်တန်ဖိုး ၁ ဒသမ ၆ ထရီလီယံစီနဲ့ ကပ်နေပြီး ဂူဂယ်ကိုပိုင်သူ အယ်လ်ဖှာဘတ်ကုမ္ပဏီကတော့ အမေရိကန် ဒေါ်လာ ၁ ထရီလီယံကျော်နဲ့ ရှိနေပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ဘေးအတွင်း စားသုံးသူတွေဟာ စမတ်ဖုန်းနဲ့ အီလက်ထ ရောနစ်ပစ္စည်းတွေက ပံ့ပိုးပေးနေတဲ့ ရုပ်သံညီလာခံတွေ၊ ရုပ်သံစနစ်သုံး သင်ကြားရေး စနစ်တွေနဲ့ အီလက်ထရောနစ် စီးပွားရေးတို့ကို ပိုပြီး အားကိုးလာနေရလို့ နည်းပညာကုမ္ပဏီကြီးတွေရဲ့ တန်ဖိုးဟာ စံချိန်တင် မြင့်တက်ခဲ့တာပါ။  ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အမေရိကန်စီးပွားရေး အဆိုးဆုံးနှုန်းနဲ့ ပြိုလဲနေချိန် မှာတောင် အက်ပဲလ်ရဲ့ပြန်ရငွေတွေဟာ ကဏ္ဍတိုင်းမှာ တိုးလာခဲ့တာပါ။  ဆိုင်တွေ အတော်များများ ပိတ်ထားရချိန်မှာတောင်  အိုင်ဖုန်းအိုင်ပက်နဲ့မက် ထုတ်ကုန်တွေ ကို အွန်လိုင်းကနေ မှာယူခဲ့ကြတဲ့ ဖောက်သည် ဈေးဝယ်သူတွေကြောင့် ဝေါစထရိ စတော့ဈေးကွက်က အက်ပဲလ်ကို အံ့အားသင့်ခဲ့ကြပါတယ်။  
3 years Ago
Up