ကုလသမဂ္ဂက ကျောထောက်နောက်ခံ ပေးထားတဲ့ လစ်ဗျားအစိုးရက နိုင်ငံအရှေ့ပိုင်းမှာ တပ်စွဲထားတဲ့ စစ်ဦးစီးချုပ် ခါလီဖာဟဲ့ဖ်တာ ဦးဆောင်တဲ့ လစ်ဗျားအမျိုးသား တပ်မတော် (LNA) ကို မေလ ၂၅ ရက်က တန်ပြန်ထိုးစစ် ဆင်နွှဲခဲ့ပါတယ်။
သိမ်းပိုက်ခံ မြို့တော်ကိုရရေး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ လစ်ဗျား ပဋိပက္ခဟာ ဟဲ့ဖ်တာရဲ့ (LNA) တပ်က ထရီပိုလီမြို့တော်ကို ထိုးစစ်ဆင်ခဲ့တဲ့ ဧပြီလ အစောပိုင်းမှာ ပိုပြင်းထန် လာခဲ့တာပါ။
လစ်ဗျားအာဏာရှင် မွမ်မာ ကဒါဖီကို ၂၀၁၁မှာ ဖယ်ရှားအပြီး နိုင်ငံအတွင်း မင်းမဲ့စရိုက် စိုးမိုးခဲ့ပါတယ်။
ထရီပိုလီကိုရရေး တိုက်ပွဲအတွင်း လူအယောက် ၅၁၀ ထက်မနည်း သေဆုံးခဲ့ပြီး လူအယောက် ၇ သောင်းခွဲလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီးပါပြီ။
ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေလည်း ထိန်းသိမ်းရေး စခန်းတွေထဲမှာ ပိတ်မိနေပြီး ဆင်ခြေဖုံးရပ်ကွက်တချို့ ပြားပြားဝပ် ပျက်စီးခဲ့တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန် ထားပါတယ်။
2 years Ago