လူပေါင်း ၂၀ လောက်ပါဝင်တဲ့ ၀စ်လစ်စလစ်နဲ့ ခန္ဓာကိုယ် ဆေးခြယ်သရုပ်ပြ ဓာတ်ပုံတွေကို အမေရိကန် စစ်ပြန်ဓာတ်ပုံဆရာတဦးဖြစ်တဲ့ အေရွန် အန်ဆာရော့ဗ်က မှတ်တမ်းတင် ရိုက်ကူးခဲ့ပါတယ်။
ဒီသရုပ်ပြမှုမှာ ပါဝင်တဲ့ အမျိုးသားတွေရော အမျိုးသမီးတွေပါ အ၀တ်အစားတွေ မပါဝင်ဘဲ ခန္ဓာကိုယ်ပေါ်မှာ တောက်ပတဲ့ ဆေးရောင်စုံတွေ ခြယ်သပြီး ဓာတ်ပုံနဲ့ မှတ်တမ်းတင်ခဲ့တာပါ။
ဖလော်ရီဒါပြည်နယ်အခြေစိုက် ဓာတ်ပုံဆရာ အေရွန်က သူ့အနေနဲ့ ဒီအနုပညာကနေတဆင့် အပြုသဘောဆောင်တဲ့ အသိပညာတခုခုကို ပေးချင်တာလို့ ဆိုပါတယ်။
ပါဝင်သူတွေရဲ့ ခေါင်းအစ ခြေအဆုံးကို တောက်ပတဲ့ ဆေးရောင်တွေ ခြယ်မှုန်းကာ ပြသတဲ့ ဒီသရုပ်ဖော်မှုမှာ ကျား၊ မ မခွဲခြားဘဲ လူတိုင်း တန်းတူညီမျှ ရှိရမယ်ဆိုတဲ့ သက်သေပြလိုမှုလည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။
“ကျနော့်အနေနဲ့ ကြည့်ရှုသူတွေကို ‘လူဟာ လူပါပဲ’ ဆိုတဲ့ တူညီတဲ့အသိနဲ့ စိတ်လှုပ်ရှားစရာ ခံစားမှုမျိုး ပေးချင်တာပါပဲ။”
အေရွန်ဟာ သူ့ရဲ့ ဒီအနုပညာပြပွဲပါတီကို သူ့ရဲ့ခြံအနောက်ဘက်မှာ လုပ်ခဲ့တာဖြစ်ပြီး ခုလိုပြသနိုင်ဖို့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ အကူအညီနဲ့ သရုပ်ဖော်မှု ၂၀၀ လောက်ကို မှတ်တမ်းတင်ခဲ့တာပါ။
အရောင်အသွေးစုံ၊ ပုံစံစုံနဲ့ သရုပ်ဖော်ပြသမှုတွေဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ပုံတွေအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။
အေရွန်က “ကျနော်က ခန္ဓာကိုယ်ဆေးခြယ်သူတယောက်တော့ မဟုတ်ပါဘူး။ ခုပါဝင်တဲ့သူတွေ အားလုံးကတော့ သူတို့ခန္ဓာကိုယ်ကို ပြောင်းလဲချင်တဲ့ ဘယ်လိုအရာကိုမဆို ပြောင်းလဲနိုင်တဲ့ ပါရမီရှင်တွေပါပဲ။ ဒါကို ကျနော့် အနုပညာသက်သေပြမှုထဲမှာ တွေ့နိုင်ပါတယ်” လို့ ပြောပါတယ်။
ဓာတ်ပုံ - Aaron Ansarov/Caters News
6 years Ago