တန်းဆင်းသွားသော်လည်း ဂုဏ်သိက္ခာအတွက် စပါးကို အနိုင်ယူသည့် နယူးကာဆယ်

A d v e r t i s e m e n t With Us

May 16, 2016

တန်းဆင်းသွားသော်လည်း ဂုဏ်သိက္ခာအတွက် စပါးကို အနိုင်ယူသည့် နယူးကာဆယ် (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် ရာသီပိတ် နောက်ဆုံးပွဲစဉ်အဖြစ် နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ မေလ ၁၅ ရက်ညက ယှဉ်ပြိုင်ရာ နယူးကာဆယ်က ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရသွားပါတယ်။ စပါးအသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၃ ရာခိုင်နှုန်းအထိ အသာစီး ရယူနိုင်ခဲ့ပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးကို ဖန်တီးနိုင်ခြင်း မရှိခဲ့လို့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာပါ။ နယူးကာဆယ်အတွက် ဂိုးတွေကို ပွဲချိန် ၁၉ မိနစ်နဲ့ ၇၃ မိနစ်တွေမှာ ၀စ်ခ်ျနာလ်ဒမ်၊ ၃၉ မိနစ်မှာ မီထရိုဗစ်ခ်ျ၊ ၈၅ မိနစ်မှာ အေရွန်နဲ့ ၈၆ မိနစ်မှာ ဂျန်မတ်တို့က သွင်းယူပေးခဲ့ပါတယ်။ စပါးအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ၆၁ မိနစ်မှာ လာမယ်လာက သွင်းယူပေးခဲ့တာပါ။ ပွဲချိန် ၆၇ မိနစ်မှာ နယူးကာဆယ်အသင်းက တိုက်စစ်မှူး မီထရိုဗစ်ခ်ျ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရလို့ ကျန်ပွဲချိန်တွေကို ဆယ်ယောက်တည်းနဲ့ ကစားခဲ့ရပါတယ်။ ပရီးမီးယားလိဂ် ရာသီကုန် နောက်ဆုံးပွဲစဉ်အပြီးမှာ နယူးကာဆယ်က ရမှတ် ၃၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာ ရပ်တည်ခဲ့လို့ လာမယ့်ရာသီ ပရီးမီးယားလိဂ်ကနေ တန်းဆင်းပြီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးကတော့ ရမှတ် ၇၀ နဲ့ အဆင့် ၃ မှာ ရပ်တည်နိုင်ခဲ့လို့ လာမယ့်ရာသီ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။
5 years Ago
Up