တန်ဖိုးအထားရဆုံး ကစားသမားဆု

September 3, 2018

ဂျပန်ရေကူးမယ် အီကာ ကိုအီကဲ တန်ဖိုးအထားရဆုံး ကစားသမားဆုရ ပထမဆုံးအမျိုးသမီး ဖြစ်လာ

ဂျပန်ရေကူးမယ် အီကာ ကိုအီကဲဟာ အာရှအားကစားပြိုင်ပွဲ ရေကူးပြိုင်ပွဲ ပွဲစဉ်တွေမှာ ရွှေတံဆိပ်အများဆုံး ဆွတ်ခူးပြီးနောက် စက်တင်ဘာ ၂ ရက်နေ့က တန်ဖိုးအထားရဆုံး ကစားသမားဆု (MVP) ရရှိတဲ့ ပထမဆုံး အမျိုးသမီး အားကစားသမား ဖြစ်လာပါတယ်။ အသက် ၁၈ နှစ်အရွယ် အီကာ ကိုအီကဲဟာ လက်ဆင့်ကမ်း ရေကူးပြိုင်ပွဲမှာ ရွှေတံဆိပ် ၆ ခုနဲ့ ငွေတံဆိပ် ၂ ခု ရရှိခဲ့ပြီး သူဟာ ၃၆ နှစ်တာအတွင်း ဆုတံဆိပ် ၈ ခုရခဲ့တဲ့ ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာပါတယ်။ ၁၉၈၂ ခုနှစ်က နယူးဒေလီမှာ ပြုလုပ်တဲ့ အာရှအားကစားပြိုင်ပွဲအတွင်း မြောက်ကိုရီးယား သေနတ်ပစ်ကစားသမား ဆိုဂီမင်ဟာ ရွှေတံဆိပ် ၇ ခု၊ ငွေတံဆိပ် ၁ ခု ရခဲ့ဖူးပါတယ်။ ဒီအတွက် ရေကူးမယ် ကိုအီကဲဟာ သေနတ်ပစ်ကစားသမား ဆိုဂီမင်နဲ့ ဆုတံဆိပ် အရေအတွက်ချင်း တူသွားပါတယ်။ တန်ဖိုးအထားရဆုံး ကစားသမားဆုရသူ ကိုအီကဲက ဆုလက်ခံရရှိတဲ့အတွက် ဂုဏ်ယူကြောင်းနဲ့ လာမယ့် ၂၀၂၀ တိုကျိုအိုလံပစ်ပွဲအတွက် သူ့ရဲ့ စွမ်းဆောင်ရည် တိုးတက်အောင် ကြိုးပမ်းဖို့ ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါတယ်။
3 years Ago
Up