တန်ဖိုးနည်းအိမ်ရာ

March 8, 2019

စံလွန်ယန်တန်ဖိုးနည်းအိမ်ရာရောက် ကချင်စစ်ရှောင်များ စားဝတ်နေရေး အခက်အခဲဖြစ်နေ

ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ စံလွန်ယန်ကျေးရွာရှိ တန်ဖိုးနည်းအိမ်ရာတွေမှာ နေထိုင်နေကြတဲ့  စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ ရွာသားတွေဟာ လုပ်ကိုင်စားသောက်ဖို့ မြေနေရာမရှိလို့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြပါတယ်။ အဆိုပါ စံလွန်ယန် တန်ဖိုးနည်းအိမ်ရာမှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ ၂၀၁၇ ခုနှစ်ကတည်းက ဗန်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းတွေကနေ  ပြောင်းရွေ့ နေထိုင်ခဲ့သူတွေ ဖြစ်ကြပါတယ်။ စတင်ပြောင်းရွှေ့နေထိုင်စဉ်က ရရှိခဲ့တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ပေးအပ်တဲ့ တအိမ်ထောင်အတွက် သုံးလစာ ထောက်ပံ့ငွေ ကျပ်တသိန်း လက်ရှိအချိန်မှာ မရတော့သလို လုပ်ကိုင်စားသောက်ဖို့အတွက်လည်း မြေနေရာမရှိလို့ အခက်တွေ့နေတယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဆိုင်းက ပြောပါတယ်။ တန်ဖိုးနည်းအိမ်ရာနေ ပြည်သူတွေဟာ ၀မ်းစာအတွက် ကျပန်းအလုပ်လုပ်ကြရပြီး ရတဲ့လုပ်အားခနဲ့ စားနပ်ရိက္ခာအပြင် ကလေးတွေရဲ့ပညာရေးအတွက်ပါ သုံးစွဲရလို့ မလောက်ငပဲ ထွန်ယက်စိုက်ပျိုးဖို့ မြေနေရာရှိပါက စားဝတ်နေရေး အဆင်ပြေလိမ့်မယ်လို့ ကျေးရွာမှာ နေထိုင်တဲ့ ဒေါ်ငွားမာလေးက ပြောပါတယ်။ စံလွန်ယန်ကျေးရွာသားတွေအနေနဲ့ မြေနေရာရရှိဖို့ အတွက်  မံစီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို စာပေးပို့ တင်ပြတောင်းဆိုထားတယ်လို့ သိရပါတယ်။ ဒေသခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းကတော့ ကျေးရွာနေပြည်သူတွေ လုပ်ကိုင်စားသောက်ဖို့အတွက် မြေနေရာရရှိဖို့ ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံကာ ညှိနှိုင်း ဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။ စံလွန်ယန်ကျေးရွာမှာ နေထိုင်ကြသူ အများစုဟာ နယ်စပ်တလျှောက်ရှိကျေးရွာတွေနဲ့ ဗန်းမော်-နမ်ခမ်းကားလမ်းပေါ်ရှိ ကျေးရွာတွေကလာရောက်သူတွေဖြစ်ပြီး စစ်ရှောင်စခန်းက အိမ်ထောင်စု ၈၅ စု လည်း လာရောက် ရွှေ့ပြောင်း နေထိုင်နေကြတာ ဖြစ်ပါတယ်။ စံလွန်ယန်တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို ၂၀၁၅-၂၀၁၆ ခုနှစ်မှာ မံစီမြို့နယ်ကျေးလက်ဒေသဖွံဖြို့တိုးတက်ရေးဦးစီးဌာနက ဦးစီးလုပ်ကိုင်ခဲ့တာဖြစ်ပြီး  စံလန်ဘွမ်ကုမ္ပဏီက တင်ဒါအောင်ထားတာ ဖြစ်ပါတယ်။ သတင်း -ရာရာ
4 years Ago

February 9, 2018

အငြိမ်းစားဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ရာ ယခုလအတွင်း ရောင်းချပေးမည်

ရန်ကုန်တိုင်းဒေသအတွင်းက အငြိမ်းစားယူသွားတဲ့ ဝန်ထမ်းတွေ အိမ်ရာပိုင်ဆိုင်ဖို့ ရည်ရွယ်ပြီး တန်ဖိုးနည်းအိမ်ရာတွေကို အခုနှစ် ဖေဖော်ဝါရီလထဲမှာ ရောင်းချပေးသွားမယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းပြီး တန်းဖိုးနည်း အိမ်ရာတွေကို ၁၅ ရာခိုင်နှုန်း ပေးသွင်းပြီး စနစ်နဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ဇန်နဝါရီ ၉ ရက် ရန်ကုန်တိုင်းလွှတ်တော်မှာ မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒအမှတ်-၁ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ရန်ကုန်တိုင်းဒေသကြီးထဲမှာရှိတဲ့ အငြိမ်းစားယူသွားတဲ့ ဝန်ထမ်းတွေ အခက်အခဲမရှိစေဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ပြန်လည် ဖြေကြားခဲ့တာပါ။
5 years Ago
More News
Up