တန်ဇန်နီးယား

September 24, 2018

တန်ဇန်နီးယား ကူးတို့လှေ တိမ်းမှောက်မှု သေဆုံးသူ ၂၁၈ ဦးရှိပြီ

တန်ဇန်နီးယားနိုင်ငံ ဗစ်တိုးရီးယားရေကန်အတွင်း ကူးတို့လှေမှောက်မှုကြောင့် သေဆုံးသူ ဦးရေဟာ ၂၁၈ ဦး အထိ ရှိသွားပါပြိီ။ ကနဦး ခန့်မှန်းချက်တွေအရ ကူးတို့လှေမှာ လူ ၃ဝဝ ကျော် လိုက်ပါသွားတယ်လို့ သိရပါတယ်။ အဲဒီတိမ်းမှောက် ကူးတို့လှေကနေ စက်တင်ဘာ ၂၂ ရက်နေ့မှာ အသက်ရှင်သူ အမျိုးသားတဦးကို ဆယ်ယူရခဲ့ပြီး ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ စက်တင်ဘာ ၂၁ ရက်နေ့က  တန်ဇနီးယားသမ္မတ ဂျွန်မာဂူဖူလီဟာ ကူးတို့လှေ နစ်မြုပ်မှုအတွက် တာဝန်ရှိသူတွေကို ဖမ်းဆီးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ အဆိုပါ ကူးတို့လှေဟာ စက်တင်ဘာလ ၂ဝ ရက်နေ့က နှစ်မြုပ်ခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

September 22, 2018

တန်ဇန်နီးယား ရေယာဉ်နစ်မြုပ်မှုမှ ၁၃၆ လောင်း ဆယ်ယူရရှိ

တန်ဇန်းနီးယားနိုင်ငံက ဗစ်တိုးရီးယားကန်ထဲ  ကြိုပို့ရေယာဉ်မှောက်ပြီး နောက်တရက်မှာ ကယ်ဆယ်ရေးသမားတွေက ဆယ်ယူထားတဲ့ အလောင်း ၁၃၆ လောင်း အထိ ရှိနေပြီလို့ အာဏာပိုင်တွေကပြောပါတယ်။ MV ညယ်ရဲရဲ ရေယာဉ်ဟာ အူခယ်မယ်ဝဲကျွန်း ကမ်းကနေ ခွာပြီး မကြာခင် စက်တင်ဘာလ ၂ဝ ရက်နေ့က မှောက်ခဲ့တာပါ။ ကန်ထဲကနေ လူ ၃၇ ဦးကို အသက်ရှင်လျက် ကယ်ထားနိုင်တယ်လို့ ကန်တောင်ပိုင်း ဆိပ်ကမ်း ဒေသန္တရရဲတပ်ဖွဲ့ ပြောခွင့်ရသူကပြောပါတယ်။ ရေယာဉ်အမှုထမ်းတွေရော၊ ပစ္စည်းကိရိယာတွေရော ပျောက်ဆုံးနေလို့ ရေယာဉ်ပေါ်မှာ အမှန်တကယ် ပါသွားသူ အရေအတွက်ကို မသိနိုင်သေးပါဘူး။ တန်ဇန်းနီးယားနိုင်ငံဟာ ကြိုပို့ရေယာဉ်နစ်မြုပ်မှု ဖြစ်ရပ်ဆိုးတွေ အရင်တုန်းကလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။ ၁၉၉၆ ခုနှစ်မှာ ဗစ်တိုးရီးယား ရေကန်ထဲမှာပဲ ကြိုပို့ရေယာဉ်နစ်မြုပ်ခဲ့လို့ အနည်းဆုံး လူ ၅၀ဝ သေဆုံးခဲ့ပါတယ်။ ဒါ့ပြင် ၂၀၁၂ ခုနှစ်တုန်းကလည်း တန်ဇန်းနီးယားကမ်းလွန် အိန္ဒိယသမုဒ္ဒရာထဲမှာ ကြိုပို့ရေယာဉ်တစင်း နစ်မြုပ်ခဲ့လို့ လူ ၁၄၅ ဦးသေဆုံးခဲ့ပါတယ်။
3 years Ago
Up