တန့်ဆည်စည်တုံးလုံးချောင်းကူးတံတား

September 21, 2021

တန့်ဆည်စည်တုံးလုံးချောင်းကူးတံတား ရေတိုက်စားမှုကြောင့် ပြိုကျမည့်အန္တရာယ် ရင်ဆိုင်နေရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းက တန့်ဆည်-နဘက်ကြီး-ရွာရှည်(မ)-ပုတီး လမ်းပိုင်းမှာရှိတဲ့ စည်တုံးလုံးချောင်းကူး တံတားဟာ မိုးရွာသွန်းမှုများပြားပြီး တောင်ကျရေ တိုက်စားလို့ ပြိုကျမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒါက ကိုယ်ထူကိုယ်ထတည်ဆောက်ထားရတဲ့ တံတားပါ။ ကျနော်တို့ တန့်ဆည်-နဘတ်ကြီး-ရွာရှည်(မ)-ပုတီး ဒေသဖွံ့ဖြိုးရေးလမ်းပိုင်းခေါ်မှာပေါ့။ အဲဒီလမ်းပိုင်း စည်တုံးလုံးချောင်းက တောင်ကျရေစီးတာ နောက်မူးမြစ်ထဲဝင်တာပေါ့၊ ဒီနှစ်မိုးကောင်းတော့ တံတားအခြေတွေ စားသွားပြီး ကားကြီးသွား ကွန်ကရိလမ်းတွေ ပျက်ကုန်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စည်တုံးလုံးတံတားကို ဒေသခံတွေက ကိုယ်ထူကိုယ်ထ စုပေါင်းတည်ဆောက်ထားတာဖြစ်ပြီး အခုပြန်လည်ပျက်စီးသွားတဲ့အတွက် ဆက်လက်အလှူခံပြီး ပြုပြင်တာတွေ လုပ်နေကြတယ်လို့ သိရပါတယ်။

2 years Ago
Up