တနင်္သာရီမြို့နယ်တွင် ကျောက်မိုင်း ပြိုကျသဖြင့် အလုပ်သမား ၁ ဦး သေဆုံး

A d v e r t i s e m e n t With Us

January 16, 2019

တနင်္သာရီမြို့နယ်တွင် ကျောင်းကြို/ပို့ကားမှောက်ပြီး ၅ တန်းကျောင်းသား ၁ဦးသေဆုံး

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု၊ ရေဖြူကျေးရွာအနီးမှာ ဇန်နဝါရီ ၁၅ ရက် ညနေ ၄ နာရီခွဲလောက်က ကျောင်းကြို/ပို့ကား တိမ်းမှောက်ပြီး ၅ တန်း ကျောင်းသားတ ဦးသေဆုံးသွားပါတယ်။ ရေဖြူကျေးရွာ မူလွန်ကျောင်းက ကျောင်းသားတွေကိုလာကြိုတဲ့ကားဟာ ကျောင်းသား ၅ ဦး၊ ကျောင်းသူ ၃ ဦးနဲ့  ကုမ္ပဏီဝန်ထမ်း ၁ ဦးတင်ဆောင်ပြီး တနင်္သာရီ-ဘုတ်ပြင်းသွား ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၆၃/၀)အရောက်မှာ ကားရှေ့ ညာဘက်ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဆိုင်းဘုတ်ကို တိုက်မိပြီး မှောက်သွားတာပါ။ ရွှေကမ္ဘောဇ ဆီအုန်းကုမ္ပဏီက ကျောင်းကြိုပို့ကားဖြစ်ပြီး ဝန်ထမ်းသားသမီးတွေကို ရေဖြူမူလွန်ကျောင်းမှာ ကျောင်းဆင်းချိန် သွားကြိုပြီး ကုမ္ပဏီကိုအပြန်မှာ အခုလို တိမ်းမှောက်တာလို့ တနင်္သာရီ ရဲတပ်ကြပ်ကြီး ကျော်ဆွေက ပြောပါတယ်။ လူနာတွေကို တနင်္သာရီဆေးရုံကြီးကို ပို့ဆောင်ပေးနေစဉ် လမ်းမှာပဲ ၅ တန်း ကျောင်းသားလေး တဦး သေဆုံးသွားခဲ့တာလို့ လည်းပြောပါတယ်။ အခုလို ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်အတွက် ယာဉ်မောင်းကို တနင်္သာရီမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။ သတင်း/ ဓာတ်ပုံ- မြတ်ထွဋ် (မြိတ်)
2 years Ago

October 23, 2016

တနင်္သာရီမြို့နယ်တွင် ကျောက်မိုင်း ပြိုကျသဖြင့် အလုပ်သမား ၁ ဦး သေဆုံး

မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအုပ်စု ကဒဲလိပ်ကျေးရွာရှိ ကျောက်မိုင်း လုပ်ငန်းခွင်အတွင်း အမြင့်ပေ ၃၀ လောက်ရှိ မိုင်းခွဲထားတဲ့ ကျောက်မိုင်းတွေ ရုတ်တရက် ပြိုကျမှုကြောင့် အလုပ်သမားတဦး သေဆုံးသွားပါတယ်။ အောင်တိုဘာ ၂၁ ရက်နေ့ မနက် ၉ နာရီလောက်က တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအုပ်စု၊ ကဒဲလိပ် ကျေးရွာ မြောက်ဘက်ခြမ်းရှိ ဦးထင်အောင်ရဲ့ ကျောက်မိုင်း လုပ်ငန်းမှာ လွန်ခဲ့သော (၃) လလောက် မိုင်းခွဲထားတဲ့ ကျောက်မိုင်းတွေကို အလုပ်သမားတွေက စုပုံနေတုန်း အမြင့်ပေ ၃၀ ပေလောက် ကျောက်မိုင်းကမ်းပါး ကျောက်နဲ့ မြေသားတွေ ပြိုကျခဲ့လို့ ၂၁ နှစ်အရွယ် ဇင်ကိုဦး ဘယ်ဘက် နံကြား ပေါက်ပြဲဒဏ်ရာ (၁) ချက်၊ နားနှစ်ဘက် သွေးယိုစီးပြီး သွေးထွက်ဒဏ်ရာတွေကြောင့် မြိတ်ပြည်သူ့ဆေးရုံကြီးကို တင်ပို့ရာမှ သေဆုံးသွားကြောင်း တနင်္သာရီ မြို့မရဲစခန်းက ပြောပါတယ်။ 14690951_1307813369229317_568078667436903676_nဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/ မဟုတ် စစ်ဆေးနိုင်ဖို့အတွက် ဒုရဲမှူး တင်အောင်မှ တရားလိုပြုလုပ် တိုင်တန်းထားလို့ တနင်္သာရီမြို့မရဲစခန်းက သေမှုသေခင်း နဲ့ အမှုဖွင့် စစ်ဆေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကိုဘိတ် (မြိတ်)  
4 years Ago
Up