တနင်္သာရီမြို့တွင် ယောက်ျားဖြစ်သူက ဇနီးသည်အား ကတ်ကြေးဖြင့် ထိုးသတ်မှုဖြစ်ပွား

April 28, 2016

တနင်္သာရီမြို့တွင် ယောက်ျားဖြစ်သူက ဇနီးသည်အား ကတ်ကြေးဖြင့် ထိုးသတ်မှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက်မှာ လင်မယားခြင်း ရန်ဖြစ်ရာမှ ဇနီးဖြစ်သူကို ယောက်ျားဖြစ်သူမှ ကပ်ကျေးနဲ့ လည်ပင်းအား ထိုးသတ်မှု ဧပြီလ ၂၇ ရက်နေ့ ညနေက ဖြစ်ပွားခဲ့ပါတယ်။ တရားခံဖြစ်သူ အေးချမ်းအောင်ဟာ မူးယစ်ဆေးဝါးမှုနဲ့ ထောင် ၂ ကြိမ် ကျခံဖူးရသူဖြစ်ပြီး အခု အခင်းဖြစ်ပွားစဉ်မှာလည်း မူးယစ်ဆေးဝါ သုံးစွဲပြီး ကျူးလွန်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တရားခံဖြစ်သူ အေးချမ်းအောင်ကို တနင်္သာရီ ရဲစခန်းမှ ချက်ချင်းဖမ်းဆီးနိုင်ခဲ့ပြီး လက်ရှိမှာ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)
6 years Ago
Up