တနင်္သာရီ၊ ကယား၊ ကရင်

March 31, 2018

တနင်္သာရီ၊ ကယား၊ ကရင် ဒေသတို့တွင် ပတ်ဝန်းကျင် အခြေအနေ အဆိုးဆုံး ထိခိုက်နေ

  ၂၀၁၇ မြန်မာ့ပတ်ဝန်းကျင် လေ့လာဆန်းစစ်ချက်အရ အဆိုးဆုံး ပတ်ဝန်းကျင်အခြေအနေ ထိခိုက်နေမှုကို တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ လေ့လာတွေ့ရှိတယ်လို့ စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ မတ်လ ၃၀ ရက်နေ့ ထုတ်ပြန်တဲ့ စာတမ်းမှာ ဖော်ပြပါတယ်။ စစ်တမ်းအရ နေပြည်တော် အပါအဝင် မြန်မာတနိုင်ငံလုံး တိုင်းနဲ့ပြည်နယ် ၁၅ ခုမှာ ပတ်ဝန်းကျင်ရေးရာ လေ့လာမှုကို ၂၀၁၇ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့ပြီး မန္တလေးနဲ့ ရှမ်းပြည်နယ်မှာ အကောင်းမွန်ဆုံး ပတ်ဝန်းကျင်အခြေအနေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ထူးခြားချက်အနေနဲ့ ကရင်ပြည်နယ်ဟာ အရင်က ကောင်းမွန်တဲ့ ပတ်ဝန်းကျင်အခြေအနေ အဆင့် ၁ ကနေ အဆင့် ၁၀ အထိ ကျဆင်းခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ စိမ်းလန်းအမိမြေအသင်းရဲ့ ပတ်ဝန်းကျင်ရေးရာ ဆန်းစစ်ချက် လေထု မြေထု ရေထု တိုင်းတာမှုတွေနဲ့ပတ်သက်ပြီး မတ်လ ၃၀ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
4 years Ago
Up