တတိယမြောက်ရင်သွေးလိုချင်နေသည့် လိင်ဆွဲအားပြင်းမော်ဒယ်လ် ကင်မ်ကာဒက်ရှန်

March 28, 2017

တတိယမြောက်ရင်သွေးလိုချင်နေသည့် လိင်ဆွဲအားပြင်းမော်ဒယ်လ် ကင်မ်ကာဒက်ရှန် (ရုပ်သံ)

လိင်ဆွဲဆောင်မှုရှိတဲ့ ဆွဲအားပြင်းအလှတွေနဲ့ ကျော်ကြားတဲ့ မော်ဒယ်လ် ကင်မ် ကာဒက်ရှန်က တတိယမြောက်ရင်သွေးလေးကို ရယူလိုတယ်လို့ မတ်လ ၂၆ ရက်နေ့က ထုတ်ဖော်ပြောလိုက်ပါတယ်။ သူပါဝင်တဲ့ ရုပ်သံအစီအစဉ်တခုဖြစ်တဲ့ “Keeping Up With The Kardashian” ရဲ့ အရောင်းမြှင့်တင်မှု ရုပ်သံတင်ဆက်ချိန်မှာ အခုလိုပြောလိုက်တာပါ။ အသက် ၃၆ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မော်ဒယ်လ် ကင်မ်ကာဒက်ရှန်မှာ နာမည်ကြီး ရက်ပ်အဆိုကျော် ကဲန်နေးဝက်စ်နဲ့ ရရှိထားတဲ့ နော့သ်ဝက်စ်နဲ့ စိန့်ဝက်စ်ဆိုတဲ့ ရင်သွေး ၂ ဦးရှိနှင့်ပြီးဖြစ်ကာ ခုတကြိမ်ကတော့ သူ့ရဲ့ တတိယမြောက်ရင်သွေး ဖြစ်လာမှာပါ။ “ကျမရဲ့ရင်သွေး နောက်တယောက်ကို ချန်ထားခဲ့ချင်ပါသေးတယ်။ ကျမကလေးတွေအတွက် နောက်ထပ်အဖော်တယောက် ထပ်ရစေချင်တာပါ။ ဒါပေမယ့် ဆရာဝန်တွေက ဒါဟာ ကျမအတွက် အန္တရာယ်ရှိတယ်လို့ ပြောနေကြတယ်လေ။” ကင်မ်ဟာ သူ့ရဲ့ရင်သွေးတွေ မွေးဖွားခဲ့တဲ့ ၂ ကြိမ်လုံးမှာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် နောက်ထပ်ရင်သွေးရယူဖို့ အန္တရာယ်ရှိတယ်လို့ ဆရာဝန်တွေက သတိပေးထားပါတယ်။
5 years Ago
Up