တတိယအများဆုံး

August 3, 2020

ကိုဗစ်-၁၉ ကြောင့် သေဆုံးနှုန်း မက္ကဆီကိုနိုင်ငံက တတိယအများဆုံး ဖြစ်လာ

မက္ကဆီကိုနိုင်ငံဟာ ဗြိတိန်နိုင်ငံကို ကျော်တက်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ သေဆုံးသူ ဦးရေ ကမ္ဘာ့တတိယအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ အမေရိကန်နဲ့ လက်တင်အမေရိကရဲ့ အကြီးဆုံးနဲ့ လူအထူဆုံးနိုင်ငံ ဘရာဇီးတို့နောက်မှာ မက္ကဆီကိုက နေရာယူထားပါတယ်။ သြဂုတ် ၃ ရက် ထိ အမေရိကန်မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၅၈,၀၀၀ ကျော်နဲ့ ဘရာဇီးမှာတော့ ၉၄,၀၀၀ ကျော် ရှိနေပါတယ်။ မက္ကဆီကိုမှာတော့ အတည်ပြုလူနာ ၄၄၀၀၀၀ လောက်နဲ့ ကူးစက်ခံ သေဆုံးသူဦးရေ ၄၇,၇၀၀ ကျော်ရှိပြီလို့ သိရပါတယ်။ ဗြိတိန်ကတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ သိန်းကျော်နဲ့ သေဆုံးသူ ၄၆,၀၀၀ ကျော် ရှိခဲ့ပါတယ်။
1 year Ago

July 7, 2020

အိန္ဒိယက ကိုဗစ်-၁၉ လူနာ ၇ သိန်း ၂ သောင်းကျော်နှင့် ကူးစက်မှုတတိယအများဆုံးဖြစ်လာ

အိန္ဒိယနိုင်ငံဟာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇ သိန်း ၂ သောင်းကျော်နဲ့ ရုရှားကို ကျော်လွန်ပြီး ကမ္ဘာ့လူနာ အများဆုံးတွေ့တဲ့ တတိယမြောက်နိုင်ငံ ဖြစ်လာပါတယ်။  အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ ဇူလိုင် ၆ ရက်နေ့မှာ ၂၄ နာရီအတွင်း၊ တနိုင်ငံလုံးအသစ်တွေ့ အတည်ပြုလူနာဦးရေ ၂၃၀၀၀ ကျော်ရှိခဲ့ပါတယ်။ ဒါဟာ တနင်္ဂနွေနေ့က စံချိန်တင်အရေအတွက် နှစ်သောင်းခွဲတွေ့တာထက် နည်းပါတယ်။  အိန္ဒိယမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ စုစုပေါင်း ၂၀,၀၀၀ ကျော်သွားပြီလို့ သိရပါတယ်။ အိန္ဒိဟာ အမေရိကန်နဲ့ ဘရာဇီး ပြီးရင် ကပ်ဘေးကြောင့် ကမ္ဘာ့တတိယမြောက် အထိခိုက်ဆုံးနိုင်ငံလည်း ဖြစ်လာပါတယ်။
1 year Ago
Up