ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ လက်ရှိချန်ပီယံရာဖေးလ်နာဒယ်လ်နှင့် ဒိုမင်နစ်သိမ်တို့ တတိယအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
ဆီဒင် ၂ သတ်မှတ်ခံထားရတဲ့ လက်ရှိချန်ပီယံ ရာဖေးလ်နာဒယ်လ်ဟာ ဒုတိယအဆင့်မှာ အမေရိကန်က မက်ဒေါ်နယ်နဲ့ တွေ့ဆုံခဲ့ပြီး ၆-၁၊ ၆-၀၊ ၆-၃ ရလဒ်နဲ့ တတိယအဆင့်တက်ခဲ့တာပါ။
နာဒယ်လ်အနေနဲ့ ဂျပန်က နစ်ရှိကိုရီကို ကျော်ဖြတ်လာတဲ့ အီတလီသား ထရာဗက် ဂလီယာနဲ့ တတိယအဆင့်မှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
နာဒယ်လ်အနေနဲ့ ပြင်သစ်အိုးပင်းမှာ ၁၃ ကြိမ်မြောက် စံချိန်တင်ဗိုလ်စွဲဖို့ ပစ်မှတ်ထားနေပြီး ဂရင်းစလင်း ပြိုင်ပွဲချန်ပီယံ အကြိမ် ၂၀ ရရှိထားတဲ့ ရော်ဂျာဖက်ဒရာရဲ့စံချိန်ကို မီဖို့လည်း ကြိုးပမ်းသွားရမှာဖြစ်ပါတယ်။
ဆီဒင် ၃ သတ်မှတ်ခံထားရတဲ့ သြစတြီးယားသား ဒိုမင်နစ်သိမ်က အမေရိကန်က ဂျက်ဆော့ခ်ကို ၆-၁ ၆-၃ ၇-၆ ရလဒ်နဲ့ အနိုင်ရခဲ့တာပါ။
တတိယအဆင့်မှာ ဒိုမင်နစ်သိမ်က နော်ဝေနိုင်ငံသား ကပ်စ်ပါရုဒ်နဲ့ ယှဉ်ပြိုသွားရမှာဖြစ်ပါ တယ်။ US Open မှာ ပူပူနွေနွေး ချန်ပီယံဖြစ်ခဲ့တဲ့ ဒိုင်မင်နစ်သိမ်အနေနဲ့ ကပ်စ်ပါရုဒ်ကို ၂၅ မိနစ် နဲ့ အနိုင်ရအောင် ကစားသွားခဲ့ပြီး တတိယပွဲမှာ အမှားအယွင်းများခဲ့ပေမယ့်လည်း အကြိတ်အနယ် ကစားပြီး အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။
5 months Ago