တတိယမြောက်

A d v e r t i s e m e n t With Us

April 10, 2020

အီရတ်နိုင်ငံ၌ သီတင်း ၁၀ ပတ်အတွင်း  တတိယမြောက်ဝန်ကြီးချုပ် ခန့်အပ်

အီရတ်နိုင်ငံမှာ သီတင်း ၁၀ ပတ်အတွင်း  တတိယမြောက် ဝန်ကြီးချုပ်အဖြစ် ထောက်လှမ်းရေးအကြီးအကဲ  မတ်စတာဖာ အယ်ခါဟီမီကို ဧပြီ ၉ ရက်နေ့က ခန့်အပ်လိုက်ပါတယ်။   ပြီးခဲ့တဲ့ ဝန်ကြီးချုပ် အက်ဒ်နန် အယ်ဇာဖီက အစိုးရတရပ်ဖွဲ့ဖို့ လုံလောက်တဲ့ ထောက်ခံမှုမရ ဖြစ်ခဲ့ပြီးနောက်  ရာထူးကနုတ်ထွက်တယ်လို့ ကြေညာပြီးနောက် အီရတ် သမ္မတက ခါဟီမီကို ခန့်အပ်လိုက်တာပါ။   အီရတ်နိုင်ငံဟာ စီးပွါးရေး ယိုယွင်းတာတွေ၊ လူမှုရေး မငြိမ်သက်သာတွေ၊ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားတာနဲ့ ကြုံတွေ့နေပြီး  ဒီဖြစ်ရပ်အားလုံးကို ယာယီအစိုးရအဖွဲ့က ခါးစည်းရင်ဆိုင်ရမှာပါ။   ခါဟီမီဟာ အီရတ်လွှတ်တော်ကို လွှမ်းမိုးတဲ့ သြဇာကြီးပါတီတွေဆီက ထောက်ခံမှုရမယ့်  နိုင်ငံရေး အမှီအခိုကင်းသူအဖြစ် အများက ရှုမြင်ထားပါတယ်။   သူဟာ သတင်းထောက်ဟောင်းတဦးဖြစ်ပြီး အီရန်နဲ့ ဗြိတိန်မှာ ပြည်ပြေးနေထိုင်ကာ အာဏာရှင် ဆက်ဒမ်ဟူစိန်ကို ဆန့်ကျင်ရေးသားခဲ့ဖူးပါတယ်။   အဲဒီနောက် ၂၀၀၃ ခုနှစ်မှာ အမေရိကန်က အီရတ်ကို ကျူးကျော်ခဲ့ပြီးနောက် သူဟာ အီရတ်ပြန်လာခဲ့ပါတယ်။    ခါဟီမီဟာ ၂၀၁၆ ခုနှစ်ကစပြီး ထောက်လှမ်းရေးအကြီးအကဲတာဝန်ကို ရယူခဲ့တယ်လို့လည်း ရိုက်တာသတင်းအရ သိရပါတယ်။
11 months Ago
Up