တည်ထောင်မည်

December 21, 2019

ကမ္ဘာ့စစ်ပွဲသစ်အတွက် အမေရိကန် အကာသတပ်ဖွဲ့ တည်ထောင်မည် 

အမေရိကန် အာကာသတပ်ဖွဲ့ တည်ထောင်မယ့် ဒေါ်လာ ၇၃၈ ဘီလီယံ တန်န်ဖိုးရှိတဲ့ ကာကွယ်ရေးဥပဒေကြမ်းကို သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၂၀ ရက်မှာ လက်မှတ်ရေးထိုးပါတယ်။    အဲဒီဥပဒေကြမ်းကို ပြီးခဲ့တဲ့သီတင်းပတ် အစောပိုင်းက ကွန်ဂရက်မှာ အတည်ပြုခဲ့တာပါ။ သမ္မတ ထရမ့်က ဒီနေ့ဟာ အမေရိကန်တပ်မတော်အတွက်  သမိုင်းဝင်နေ့တနေ့လို့ ပြောခဲ့တဲ့အပြင် အဲဒီဥပဒေကြမ်းဟာ အမေရိကန်တပ်မတော်ရဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ဆိုပြီး ထရမ့်က ပြောခဲ့ပါတယ်။   အာကာသဟာ ကမ္ဘာ့စစ်ပွဲသစ်တွေ ဖြစ်လာမယ့် နေရာဖြစ်ပြီး အမေရိကန် အမျိုသားလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုတွေ ရှိချိန်မှာ အာကာသကို အမေရိကန် လွှမ်းမိုးတာက အလွန်တရာအရေးကြီးတယ်လို့ ထရမ့်က ပြောပါတယ်။   အခုဖွဲ့စည်းမယ့် အာကာသတပ်ဖွဲ့ဟာ နှစ်ပေါင်း ၆၀ ကျော်အတွင်း အမေရိကန် တပ်မတော်ရဲ့ ပထမဆုံး တပ်ဖွဲ့ခွဲတခုဖြစ်ပြီး ထရမ့်ရဲ့ ထိပ်တန်းဦးစားပေးလုပ်ငန်း ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 
2 years Ago
Up