တည်ထောင်ခြင်း  ၂၆ နှစ်ပြည့်

December 21, 2020

DKBA တပ်ဖွဲ့ တည်ထောင်ခြင်း ၂၆ နှစ်ပြည့် အခမ်းအနား ကျင်းပ (ဓာတ်ပုံ)

NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော် (DKBA) တည်ထောင်ခြင်း  ၂၆ နှစ်ပြည့် အခမ်းအနားကို  ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဆုံဆည်းမြိုင် ဒီကေဘီအေ စစ်ဌာနချုပ်မှာ ဒီနေ့ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို DKBA စစ်ဦးစီးချုပ်၊ တပ်ဖွဲ့ဝင်တွေနဲ့ ကရင်ပြည်သူတွေ တက်ရောက်ခဲ့ကြပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အထူးဧည့်သည်တွေ မဖိတ်ဘူးလို့ သိရပါတယ်။ DKBA တပ်ဖွဲ့ဟာ မြန်မာနိုင်ငံငြိမ်းချမ်းရေးကို လိုလားတဲ့ တပ်ဖွဲ့ဖြစ်တာကြောင့် ထာဝရငြိမ်းချမ်းရေးရတဲ့အထိ ပြည်သူတွေအတွက် ကြိုးစားသွားမှာ အခမ်းအနားမှာ စစ်ဦးစီးချုပ်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။
1 year Ago
Up