တည်ဆောက်ခွင့်ရှိ

November 19, 2019

အစ္စရေးသိမ်းပိုက်မြေတွင်  ဂျူးအခြေချရပ်ကွက် တည်ဆောက်ခွင့်ရှိဟု အမေရိကန်ပြော

အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသမှာ ဂျူးအခြေချ ရပ်ကွက်တွေ တည်ဆောက်ဖို့ အစ္စရေးအစိုးရမှာ အခွင့်အရေးရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုက ပြောပါတယ်။ ဒီနေရာဟာ အနှစ် ၄၀ လောက် စွန့်ပစ်ခံထားရတဲ့နေရာဖြစ်လို့ အရင်တုန်းက အနေအထားအတိုင်း ဆက်ထားရင် နိုင်ငံတကာဥပဒေနဲ့ မညီညွတ်တော့ဘူးလို့လည်း ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခုလို  ကြေညာချက်ဟာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုအတွက် အောင်ပွဲဖြစ်သလို ဂျူးအခြေချ ရပ်ကွက်တွေ တည်ဆောက်ဖို့  ထိထိရောက် ရောက် ကျောထောက်နောက်ခံ ပေးလိုက်တာလည်း ဖြစ်ပါတယ်။  အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ အစ္စရေးဘက်ကိုလိုက်တဲ့ သုံးကြိမ်မြောက် အကြီးစား ရပ်တည်ချက်လည်း ဖြစ်ပြီး  ပါလက်စတိုင်းတွေအတွက်ကတော့ ရှုံးပွဲ ဖြစ်ပါတယ်။
2 years Ago
Up