တည်ဆောက်မည်

December 3, 2018

ကျပ်သိန်းထောင်ချီကုန်ကျမည့် မဲဇာချောင်းကူးတံတား ကိုယ်ထူကိုယ်ထ တည်ဆောက်မည်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ပင်သချေကျေးရွာမှာ ကျပ်သိန်းထောင်ချီ ကုန်ကျမယ့် မဲဇာချောင်းကူးတံတားကို ဒေသခံတွေ ကိုယ်ထူကိုယ်ထ တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ တံတားဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးသောင်းစိန်က “ဒီတံတားကို ၂၀၁၂ခုနှစ် မှာ တည်ဆောက်ခဲ့တယ်။ ၆ နှစ်ကြာပြီးချိန် ဒီကြားထဲမှာ ဒုက္ခတွေ အမျိုးမျိုးကြုံခဲ့တယ် ရေထဲမျှောပါပျက်စီးခဲ့တာတွေ ကြုံခဲ့တယ်။ ရေရှည်တည်တံဖို့ RC ကွန်ကရစ်တံတားကို ကိုယ်ထူကိုယ်ထ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဒီတံတား ပြီးသွားရင် အနောက်ဘက်က ရွာ ခြောက်ရွာရယ် ဗန်းမောက်မြို့နယ် မဲဇာဒေသရယ် အင်းတော်ဘက် အထိအောင် ရာသီမရွေးသွားလာနိုင်မှာ ဖြစ်တယ်”လို့ ပြောပါတယ်။ တံတားဖြစ်မြောက်ရေးကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးကျော်ဆွေက “သစ်သားတံတားကြီးဟာ ခိုင်ခံမှုမရှိတဲ့အတွက် RC ကွန်ကရစ်တံတား တည်ဆောက်မှုကို ဒေသခံတွေနဲ့ ညှိနှိုင်းဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိ ဒီချောင်းဟာ ပေ ၆၀၀ ကျော်ကျယ်တဲ့အတွက် တခန်းကို ပေ ၆၀ ခန်း ၁၀ ခန်း ခန်းဖွဲ့ယူပြီး ၃၁ ရက် ၁ လ ၂၀၁၉ ခုနှစ်မှာ ပန္နက်တင်အခမ်းအနား ပြုလုပ်သွားမယ်”လို့ဆိုပါတယ်။ တည်ဆောင်မယ့် တံတားဟာ အလျား ပေ ၆၀၀၊ အနံ ၂၇ ပေ၊ လူသွားလမ်းအကျယ် ၁၅ ပေရှိမှာဖြစ်ပြီ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်မှာ စတင်တည်ဆောက်နိုင်ဖို့ ဒေသခံတွေက ကြိုးပမ်းနေပါတယ်။ ကိုကိုလင်း(အင်းတော်)
3 years Ago

November 9, 2017

ဥရောပကို အကာကွယ်ပေးနိုင်ရန် စစ်အခြေစိုက်စခန်း ၂ ခု နေတိုး တည်ဆောက်မည်

ရုရှားနဲ့ပဋိပက္ခဖြစ်ပွားခဲ့ရင်  ဥရောပကို အကာအကွယ်ပေးနိုင်ဖို့အတွက်  စစ်အခြေစိုက်စခန်းသစ် ၂ ခု တည်ဆောက်မယ့်အစီအစဉ်ကို နေတိုးမဟာမိတ်အဖွဲ့ဝင်တွေက ထောက်ခံခဲ့ကြပါတယ်။ ရုရှားအရေးကိစ္စအပြင်၊ ဥရောပကို ခြိမ်းခြောက်မှုတွေကို အလျင်အမြန်တုံ့ပြန်နိုင်ဖို့  အတ္တလန္တိတ် ထိန်းချုပ်ရေးစင်တာနဲ့ ထောက်ပံ့ပို့ဆောင်ရေး ထိန်းချုပ်စင်တာတို့ကို တည်ဆောက်သွားဖို့ နေတိုးတပ်ဖွဲ့ ကာကွယ်ရေးဝန်ကြီးတွေက သဘောတူခဲ့ကြပါတယ်။ “ဒီနေ့ ကျနော်တို့ သဘောတူခဲ့ကြတာက နေတိုးထိန်းချုပ်ရေးစင်တာ တည်ဆောက်မှုနဲ့ပတ်သက်ပြီး အစီအစဉ်မူကြမ်းကို သဘောတူခဲ့ကြပါတယ်။ ဒီမူကြမ်းက နောက်ဆက်လုပ်မယ့် ကိစ္စတွေအတွက် အခြေခံဖြစ်လာမှာပါ။ အရေးကြီးတဲ့အချက်တွေကို ပြောရမယ်ဆိုရင် အတ္တလန္တိတ်မှာ အမိန့်ပေးထိန်းချုပ်ရေးစင်တာဆောက်ဖို့၊ ဥရောပနဲ့ မြောက်အမေရိကတိုက်အကြားမှာ ပယ်လယ်လမ်းကြောင်းကသွားတဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကို လွတ်လပ်၊ လုံခြုံမှုဆက်ရှိနေဖို့ကိစ္စပါ။ ဒီကိစ္စဟာ ကျနော်တို့ရဲ့ ပစိဖိတ်ဖြတ်ကျော် မဟာမိတ်ဖြစ်မှုအတွက် အရေးကြီးပါတယ်။ ဒီကိစ္စက ဥရောပတလွှား စစ်တပ်တွေရဲ့လှုပ်ရှားကို တိုးတက်ကောင်းမွန်စေမှာဖြစ်သလို၊ နေတိုးတပ်ဖွဲ့ ထိန်းချုပ်ရေး အဆောက်အဦတွေအကြား ထောက်ပံ့သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ အားကောင်းလာစေမယ့် နည်းလမ်းတွေဖြစ်ပါတယ်။” လို့ နေတိုး အထွေထွေအတွင်းရေးမှူး ယန်းစတိုးတန်ဘာ့ခ်က ပြောပါတယ်။ နေတိုးတပ်ဖွဲ့ဝင်တွေဟာ ဆိုက်ဘာကာကွယ်ရေးကို အားကောင်းအောင်လုပ်ဖို့ သဘောတူခဲ့ကြပြီး၊ အခုသဘောတူညီချက်အရ ကွန်ပျူတာဟက်ကာတွေကို ပထမဆုံးအနေနဲ့ အလုပ်ခန့်ထားဖွယ်ရှိတယ်လို့လည်း  ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
More News
Up