တဆင့်ချင်းပြန်ဖြည်လျှော့

A d v e r t i s e m e n t With Us

May 1, 2020

ဂျာမနီတွင် လော့ဒေါင်းချထားမှု တဆင့်ချင်းပြန်ဖြည်လျှော့

လော့ဒေါင်းချထားတာတွေကို တဆင့်ချင်းပြန်ဖြည်လျှော့တဲ့အနေနဲ့ ဂျာမနီနိုင်ငံမှာ မေ ၄ ရက်နေ့က စပြီး ကစားကွင်းတွေ ပြတိုက်တွေနဲ့ ဘုရားကျောင်းတွေကို ပြန်ဖွင့်ပေးသွားမယ်လို့ သိရပါတယ်။  ဒီအပတ်အတွင်း ဈေးဆိုင်လေးတွေကို ပြန်ဖွင့်ခွင့်ပေးခဲ့ပြီးနောက် ကျောင်းတွေနဲ့ အားကစားပွဲတွေကိုလည်း ပြန်ဖွင့်သင့် မဖွင့်သင့် ရက်ပိုင်းအတွင်း ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။  ဒါပေမဲ့ အဓိပတိ အိန်ဂျလာမာကယ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ထပ်မဖြစ်အောင် သေချာလုပ်ဆောင်ရမယ်လို့  ဧပြီ ၃၀ ရက်က သတိပေးခဲ့ပါတယ်။  ဂျာမနီမှာ မစ္စမာကယ်နဲ့ ညွှန့်ပေါင်းမဟာမိတ်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် စီးပွားရေးထိခိုက်မှုကို ကုစားနိုင်ဖို့ ဒေါ်လာ ၈၂၀ ဘီလီယံ သုံးမယ့် ဘဏ္ဍာရေးကယ်ဆယ်မှုအစီအစဉ်ကို သတ်မှတ်ထားပြီး ဖြစ်ပါတယ်။  ဂျာမနီရဲ့ ပြည်နယ် ၁၆ ခုမှာလည်း ဘားတွေ၊ စားသောက်ဆိုင်တွေနဲ့ တချို့သော အားကစားပွဲတွေကို ပြန်လုပ်ခွင့်ပေးဖို့ ပြင်ဆင်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဂျမနီနိုင်ငံမှာ ဒီနေ့ညနေအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၆၃၀၀၀ ကျော်နဲ့ သေဆုံးသူ ၆၆၂၃ ဦး ရှိတယ်လို့ သိရပါတယ်။   
10 months Ago
Up