တစ်သောင်းတန်ငွေစက္ကူအတု

September 15, 2021

မိတ္ထီလာတွင် တစ်သောင်းတန်ငွေစက္ကူအတုနှင့် စိတ်ကြွဆေးပြားများ ဖမ်းမိ

မန္တလေတိုင်း မိတ္ထီလာမြို့နယ် ပျဉ်သာရွာ ဘုရားကြီးဘုန်းတော်ကြီကျောင်းမှာ စက်တင်ဘာလ ၁၄ ရက်ညက တစ်သောင်းတန်ငွေစက္ကူအတုတွေ၊ ဆက်စပ်ပစ္စည်းတွေနဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းမိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"လက်တော့ကွန်ပျူတာ ကာလာပရင်တာနဲ့ တစ်သောင်းတန်ငွေစက္ကူအတုတွေရယ်၊ A4 စာရွက်ပေါ်မှာ တစ်သောင်းတန်အတု ရိုက်နှိပ်ထားတာတွေရယ်၊ စိတ်ကြွဆေးပြားတွေရယ် တွေ့တယ်၊ ကျောင်းထိုင်ဆရာတော်နဲ့ ဒုလ္လာဘဦးဇင်းတစ်ပါး အမျိုးသားတစ်ဦးတို့ ဖမ်းဆီးသွားတယ်" လို့ ပြောပါတယ်။

ကျောင်းထိုင်ဆရာတော်ဦးပဝရ (ခ) မျိုးတင့်ထူး နဲ့ ဒုလ္လာဘဦးဇင်း ဦးသောမန (ခ) သန်းတိုးအောင် ရဲဝင်ထွန်းတို့ ၃ ဦးကို စိတ်ကြွဆေးပြားများ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုပစ္စည်းတွေ၊ လက်တော့ကွန်ပျူတာတစ်လုံး၊ ကာလာပရင်တာတစ်လုံး၊ တစ်သောင်းတန်ငွေစက္ကူ ရိုက်နှိပ်ထားတဲ့ စာရွက်တွေနဲ့အတူ ပူးပေါင်းအဖွဲ့က ဖမ်းဆီးမိပြီး ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

1 month Ago
Up