WTA တစ်နှစ်တာအကောင်းဆုံးအမျိုးသမီးတင်းနစ် ကစားသမားဆုကို အမေရိကန်တင်းနစ် မယ် ဆိုဖီယာကမ်နင်က ရရှိသွားပါတယ်။
ကမ်နင်ဟာ သြစတြေးလျအိုးပင်းမှာ ချန်ပီယံဖြစ်ခဲ့ပြီးနောက် ကမ္ဘာ့အဆင့် ၄ အထိ မြင့်တက်လာခဲ့တာပါ။ သြစတြေးလျအိုးပင်းမှာ ကမ္ဘာ့အဆင့်တစ် ဘာတီကို ဆီမီးဖိုင်နယ်မှာ အနိုင်ယူခဲ့သလို ဗိုလ်လုပွဲမှာလည်း ဂရင်းစလင်းချန်ပီယံ ၂ ကြိမ်ဖြစ်ခဲ့ဖူးတဲ့ မူဂါယူဇာကို အနိုင်ယူခဲ့ပါတယ်။
ပြင်သစ်အိုးပင်းမှာလည်း ဗိုလ်လုပွဲအထိတက်ခဲ့တာကြောင့် WTA အကောင်းဆုံး အမျိုးသမီးကစားသမားဆုရရှိခဲ့တာပါ။ အသက်၂၂နှစ်ရှိ ဆိုဖီယာ ကမ်နင်ဟာ WTA အကောင်းဆုံးဆုရရှိဖူးတဲ့ ၈ ယောက်မြောက် အမေရိကန် တင်းနစ်မယ်အဖြစ်လည်း မှတ်တမ်းဝင် ခဲ့ပါတယ်။
WTA အတိုးတက်ဆုံး တင်းနစ်ကစားသမားဆုကိုတော့ ပြင်သစ်အိုးပင်းမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ပိုလန်တင်းနစ်မယ် အီဂါဆွီရာတက်ခ်က ရရှိခဲ့ပါတယ်။
ကမ္ဘာ့နံပါတ်တစ် တင်းနစ်မယ်ဟောင်း အဇာရန်ကာက တစ်ကျော့ပြန် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပြီး နှစ်ယောက်တွဲ အကောင်းဆုံးဆုကိုတော့ ပြင်သစ်ကအမ်လာဒင်နိုဗစ်နဲ့ ဟန်ဂေရီက ဘာဘော့စ်တို့ ရရှိခဲ့ပါတယ်။
4 months Ago