တစ်နှစ်တာ

December 18, 2020

ဖီဖာကမ္ဘာ့အကောင်းဆုံးကစားသမားဆု လီဝန်ဒေါစကီး ရရှိ

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးဟာ အခုနှစ် ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံး အမျိုးသားဘောလုံးသမားဆု The Best FIFA Men’s Player of the Year ကိုဆွတ်ခူးခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုပေးပွဲအခမ်းအနားကို ဒီနေ့မနက်ပိုင်းက ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ ကျင်းပခဲ့ရာမှာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးက ပထမဆုံးအကြိမ် ရရှိခဲ့ တာပါ။  လီဝန်ဒေါစကီးအနေနဲ့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုတို့ ကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။  လီဝန်ဒေါစကီးဟာ ဘိုင်ယန်အသင်းနဲ့ ချန်ပီယံလိဂ်အပါအဝင် ဆုဖလား ၃ လုံးရယူ နိုင်ခဲ့တာပါ။   လီဝန်ဒေါစကီးဟာ ဘိုင်ယန်အသင်းအတွက် ပြိုင်ပွဲစုံ ၄၇ ပွဲမှာ ၅၅ ဂိုးသွင်းယပေးခဲ့ပြီး ဘွန်ဒက်လီဂါ၊ ချန်ပီယံလိဂ်နဲ့ ပိုကယ်ဖ်ဖလားပြိုင်ပွဲ ၃ ခုလုံးမှာလဲ ထိပ်တန်းဂိုး သွင်းရှင်အဖြစ်ရပ်တည်ခဲ့ပါတယ်။  အကောင်းဆုံးအမျိုးသမီး ဘောလုံးသမားဆုကိုတော့ ဥရောပချန်ပီယံ လီယွန်အသင်းက အင်္ဂလန်နောက်ခံလူ လူစီဘရော့ဇ် ရရှိခဲ့ပါတယ်။  အကောင်းဆုံး ဂိုးသမားဆုကို ဘိုင်ယန်မြူးနစ်ဂိုးသမား နူအာက ရရှိခဲ့ပြီး  အကောင်းဆုံးနည်းပြဆုကို လီဗာပူး နည်းပြ ဂျာဂန်ကလော့ပ်က ရရှိခဲ့ပါတယ်။  အကောင်းဆုံး သွင်းဂိုးဆုဖြစ်တဲ့ ပွတ်ကက်ရှ် ဆုကိုတော့ ဘန်လေဘက်ကို သွင်းယူခဲ့တဲ့ ဂိုးနဲ့ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်က ရရှိခဲ့ပါတယ်။  ဖီဖာအကြိုက် အကောင်းဆုံးအသင်းသား ၁၁ ဦးကို ရွေးချယ်ရာမှာ လီဗာပူးကစားသမား ၃ ဦးဖြစ်တဲ့ အလစ်ဆန်၊ အာနိုးလ်နဲ့ ဗန်ဒိုက်တို့ ပါဝင်ခဲ့ပြီး ရာမို့စ်၊ အယ်လ်ဖွန်ဆိုဒေးဗီးစ်တို့လည်း ရွေးချယ်ခံခဲ့ရပါတယ်။ အလယ်တန်းမှာ ကင်မစ်ချ်၊ ဒီဘရိုင်း နဲ့ အန်ကန်တာရာ၊ တိုက်စစ်မှာ လီဝန်ဒေါစကီး၊ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ရွေးချယ်ခံခဲ့ရပါတယ်။ 
4 months Ago
Up