တစ်​ဆု​မျှော်​မှန်း

February 3, 2018

အာရှအားကစားပြိုင်​ပွဲ ရိုးရာ​​ နဂါး​လှေ​လှော်​ပြိုင်ပွဲတွင် ​ရွှေတံဆိပ်​အနည်းဆုံးတစ်​ဆု​မျှော်​မှန်း

အာရှအားကစားပြိုင်​ပွဲ ရိုးရာ​​ နဂါး​လှေ ​လှော်​ပြိုင်ပွဲမှာ အခြားအသင်း​ကောင်း​တွေအပြင်​ ထိုင်းအသင်းကိုလည်း ​ခက်​ခက်​ခဲခဲရင်​ဆိုင်​ရနိုင်​တယ်လို့  မြန်မာ လှေလှော် အဖွဲ့ချုပ်​ ဥက္ကဋ္ဌ ဦး​သောင်းထိုက်​မင်းက ​ပြောပါတယ်။ ရိုးရာနဂါး​လှေ​လှော်​အားကစားနည်းမှာ ထိုင်းအသင်းဟာ ​အောင်​မြင်​မှုရဖို့ စနစ်​တကျ ကြိုးပမ်း​နေတဲ့အတွက်​ လာမယ့်​အာရှအားကစားပြိုင်​ပွဲမှာ မြန်​မာ ​လှေ​လှော်​အားကစားအဖွဲ့ အတွက်​ ခက်​ခက်​ခဲခဲရင်​ဆိုင်​ရမယ့်​ အသင်းတစ်​သင်းတိုးလာတယ်​လို့ဆိုပါတယ်​။ ပြီးခဲ့တဲ့ ကမ္ဘာ့​နဂါး​လှေ​လှော်​အားကစားပြိုင်​ပွဲမှာ ထိုင်း​လှေ​လှော်​ကစားသမား ရာ​ကျော်​ဝင်​​ရောက်​ယှဉ်​ပြိုင်​ခဲ့ရာမှာ ထိုင်းအသင်းအနေနဲ့ ​ရွှေတံဆိပ်​၄ဆု၊​ ငွေတံဆိပ်​ ၂ဆု၊​ ကြေးတံဆိပ်​၂ဆုရရှိခဲ့ပါတယ်​။ မြန်​မာအသင်းက​တော့ ​လှေ​လှော်​ကစားသမား အနည်းငယ်​နဲ့ သွား​ရောက်​ယှဉ်​ပြိုင်​ခဲ့ပြီး ​ရွှေ​၊​ငွေ၊​ကြေး တံဆိပ်​ တစ်​ဆုစီ ဆွတ်​ခူးနိုင်​ခဲ့ပါတယ်​။ မြန်​မာနဂါး​လှေ​လှော်​အားကစားအဖွဲ့ဟာ အစဉ်​အလာအရ ​အောင်​မြင်​မှု​များစွာရရှိထားတဲ့ အားကစားနည်း ဖြစ်​​ပေမယ့် လာမယ့် အာရှပြိုင်​ပွဲမှာ နဂါး​လှေ​လှော်​အားကစားနည်းမှာ အား​ကောင်းတဲ့ အင်​ဒိုနီးရှား၊သြစ​တြေးလျ၊အင်​အားကြီး တရုတ်​အသင်း၊မ​လေးရှား အစရှိတဲ့ အသင်း​တွေအပြင်​ ထိုင်းအသင်းဟာလည်း လက်​ရှိမှာ အင်​အား​ကောင်းလာလို့ ဆုတံဆိပ်​ရရှိနိုင်​ဖို့က​တော့ခက်​ခဲမယ့်​အ​နေအထားမှာရှိ​နေပါတယ်​။ မြန်​မာ​လှေ​လှော်​အားကစားအဖွဲ့ဟာ လက်​ရှိမှာ နဂါး​လှေ၊ ကနူးကယက်​၊rowing ဆိုပြီး အားကစားနည်းသုံးမျိုးကို ရန်​ကုန်​မြို့ အင်​လျားကန်​မှာရှိတဲ့ ​အဖွဲ့ချုပ်​မှာ ကစားသမားအင်​အား ၁၀၀ နီးပါးနဲ့စခန်းသွင်း​လေ့ကျင့်​​နေပါတယ်​။ မြန်​မာ​လှေ​လှော်​အားကစားအဖွဲ့အ​နေနဲ့ လာမယ့်​ သြဂုတ်​မှာ ကျင်းပမယ့်​ အာရှပြိုင်​ပွဲမှာ ​ရွှေတံဆိပ်​ အနည်းဆုံးတစ်​ဆု​မျှော်​မှန်းထားပြီး စွမ်း​ဆောင်​ရည်​ကို​တော့အမြင့်​ဆုံးမှာထားပြီး ယှဉ်​ပြိုင်​သွားမယ်​လို့ အဖွဲ့ချုပ်​ ဥက္ကဋ္ဌ ဦး​သောင်းထိုက်​မင်းက ပြောပါတယ်​။   ဓာတ်​ပုံ-ထက်​လူ/Thailand National Dragon boat team
3 years Ago
Up