တစ်ရှူးစက်ရုံ

July 2, 2018

အလုပ်သမားအခွင့်အရေး ရရှိရေး တစ်​ရှူးစက်ရုံ အလုပ်​သမားများ ဆန္ဒပြ

မန္တလေးတိုင်းဒေသကြီး၊ ပြည်​ကြီးတံခွန်​မြို့နယ်​ ၆၅ လမ်း မင်းကြီးရန်​​နောင်​နဲ့ ကုသိုလ်​​တော်​လမ်းကြား (ဂ) ရပ်​ကွက်​မှာ အင်​ပါယာတစ်​ရှူးစက်ရုံက အလုပ်​သမား ၄ဝ​ ကျော်က အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိဖို့ ​ဆန္ဒပြ​တောင်းဆိုနေကြပါတယ်​။ မေလ ၇ ရက်​​နေ့ကစပြီး စက်ရုံအတွင်းမှာညှိနှိုင်းဖို့ အလုပ်သမားတွေက အလုပ်​ရှင်​ကို စာတင်​ပြီး ​တောင်းဆိုခဲ့​ပေမယ့် ​မေလ ၁၆ ရက်​​နေ့အထိ ​စောင့်ခဲ့​ပေမယ့် အလုပ်​ရှင်​ဘက်​က ညှိနှိုင်းဖို့ ပျက်​ကွက်​ခဲ့ပါတယ်။ မေလ ၁၇ ရက်​​မှာ မြို့်​နယ်​အလုပ်​သမား ညှိနှိုင်းဆက်​ဆံ​ရေးဦးစီးဌာနကို အဓိကအချက်​ ၅ ချက်​ကို ​ဖြေရှင်း​ပေးဖို့​ တောင်းဆိုခဲ့ပေမယ့် ​ဖြေရှင်းမ​ပေးခဲ့တဲ့အတွက်​ ဒီ​နေ့ အလုပ်​သမား ၄ဝ ​ကျော်​က ဆန္ဒထုတ်​​ဖော်​ တောင်းဆိုကြတာ ဖြစ်ပါတယ်​။ အင်​ပါယာ တစ်​ရှူးစက်ရုံက အလုပ်​သမားသမဂ္ဂအတွင်း​ရေးမှူး ကိုတင့်​ဆွေက “အဓိက အချက်ကေ​တော့ အလုပ်​ခန့်​ထားမှုဆိုင်​ရာသ​ဘောတူစာချုပ်​ကို အလုပ်​ရှင်​ဘက်​က​ ဖျောက်​ဖျက်​ပစ်​လိုက်​တဲ့ စာချုပ်​ပါ အချက်​အလက်​အားလုံးကို ​ပြောင်းလဲပြင်​ဆင်​ခြင်းမရှိဘဲ ပြန်​လည်​ရရှိချုပ်​ဆို​ရေးနဲ့ ဥပ​ဒေပါ အလုပ်​သမားအခွင့်အ​ရေးတွေ အပြည့်အဝရရှိ​ရေးနဲ့အတူ အချက်​ ၁၁ ချက်​ကို ကျ​နော်​တို့ ​တောင်းဆိုကြရတာ​”လို့ ​ပြောပါတယ်​။ အင်​ပါယာတစ်​ရှူးစက်ရုံအ​နေနဲ့ အခုလို အလုပ်​သမား​တွေ​တောင်းဆို​နေတဲ့ အချက်​ ၁၁ ချက်​ကို တချက်​မှ လိုက်​​လျော​ပေးနိုင်​ခြင်းမရှိ​ဘူးလို့  အင်​ပါယာစက်ရုံ မန်​​နေဂျာ ဦး​အေးမင်းက​ ပြောပါတယ်။ အခုအလုပ်​သမား​တွေ​တောင်းဆို​နေတာနဲ့ပတ်​သက်​ပြီး လိုက်​​လျောဖို့လည်း မရှိဘူး။ ညှိနှိုင်းဖို့လည်း မရှိဘူး။ မှောက်​​မှောက်​ သပိတ်​​မှောက်​၊ တလ မဟုတ်​ဘူး။ တနှစ်​ပဲ မှောက်​​မှောက်​ ဘာမှမဖြစ်​ဘူး။ တချက်​မှ လိုက်​​လျောမ​ပေးနိုင်​ဘူး” ဟန်​နီ၊ အဲရိုး၊ ဂိုးဒင်းအဲရိုး၊၊ ကာတွန့်​၊ စစ်​ကိုင်းစတဲ့ တံဆိပ်​ငါးမျိုးကို ထုတ်​လုပ်​​နေတဲ့ စက်ရုံဖြစ်​ပါတယ်။ ၂ဝ၁၁ ခုနှစ်​ ဧပြီလမှာ စတင်​လည်​ပတ်​ခဲ့တဲ့ စက်ရုံတရုံ ဖြစ်​ပါတယ်​။ ဆန္ဒပြစက်ရုံအလုပ်​သမား ၄ဝ ​ကျော်​ ​တောင်းဆိုချက်​ ၁၁ ချက်​မရမချင်း ဇူလိုင် ၂ ၁၁ ရက်​​အထိ​ တောင်းဆိုဆန္ဒပြသွားကြမှာဖြစ်​ပြီး တောင်းဆိုချက်​​တွေကို စက်ရုံဘက်​က မလိုက်​​လျောရင် သက်​ဆိုင်​ရာ အလုပ်​သမားအဖွဲ့အစည်း​တွေနဲ့ ပူး​ပေါင်းတိုင်ပင်ကာ ဥပ​ဒေအရ တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။
3 years Ago
Up