တစိတ်တပိုင်းဖြေလျှော့

October 5, 2020

ဆော်ဒီနိုင်ငံတွင် ဝတ်ပြုပွဲကျင်းပခွင့် တစိတ်တပိုင်းဖြေလျှော့

ဆော်ဒီအာရေဗျအာဏာပိုင်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ဘေးအတွင်း အမ္မရာ ဝတ်ပြုပွဲ ကျင်းပခွင့် တားမြစ်ပိတ်ပင်ချက်ကို တစိတ်တပိုင်း ဖြေလျှော့ပေးခဲ့ပါတယ်။   ဒါကြောင့်ဘာသာရေးမြို့ဖြစ်တဲ့ မက္ကာမြို့မှာ ဘယ်အချိန်မဆို ဝတ်ပြုနိုင်တဲ့အစ္စလာမ် ဘာသာဝင် တွေရဲ့ အမြင့်မြတ်ဆုံးနေရာ ၂ ခုမှာ အောက်တိုဘာ ၄ ရက်က ဝတ်ပြုသူတချို့ ရောက်လာခဲ့ကြပါတယ်။   ကမ္ဘာတလွှားက သန်းချီတဲ့ မွတ်စလင်တွေဟာ အများအားဖြင့် ဆော်ဒီအာရေဗျနိုင်ငံဆီ လာပြီး အမ္မရာနဲ့ ဟာ့ဂျ်ဘုရားဖူး ခရီးစဉ်အတွင်း လာရောက် ဝတ်ပြုလေ့ရှိတာပါ။ ဟာ့ဂျ်ဘုရားဖူး ရာသီကတော့ တနှစ်မှာ တခါသာ ကျင်းပတာဖြစ်ပြီး မွတ်စလင် မှန်ရင် တသက်မှာ တခါတော့ ဖြစ်အောင် လာရတဲ့ တာဝန်တရပ်အနေနဲ့ ခံယူထားကြပါတယ်။  ဒါပေမယ့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကူးစက်မှုကြောင့် ဆော်ဒီအစိုးရဟာ ဒီနှစ်အတွက် ဟာ့ဂ်ျရာသီဘုရားဖူးခွင့်ကို ပြည်တွင်းဘုရားဖူးတွေအတွက် ကန့်သတ်ခဲ့ပါတယ်။  အမ္မရာဝတ်ပြုပွဲကိုတော့ တရက်ကို ဘုရားဖူး အယောက် ၆၀၀၀  ခွင့်ပြုခဲ့တာပါ။  အမ္မရာဝတ်ပြုပွဲကို နိုဝင်ဘာ ၁ ရက်ကစပြီး နိုင်ငံခြားက မွတ်စလင်တွေအတွက် တက်ရောက် ဝတ်ပြုခွင့်ပေးမှာလည်း ဖြစ်ပါတယ်။  မနှစ်က ဆော်ဒီအာရေဗျကို အမ္မရာ ဝတ်ပြုသူအယောက် ၁၉ သန်း လာရောက်ခဲ့ကြ ပါတယ်။  ကပ်ဘေးမတိုင်ခင်က မက်ကာနဲ့ မေဒီနာ ဘာသာရေးမြို့တွေမှာ ဟိုတယ် အလုံး ၁၃၀၀ ကျော်နဲ့ ရာချီတဲ့ စတိုးဆိုင်တွေဟာ ဘုရားဖူးတွေကို ၂၄ နာရီပတ်လုံး ဝန်ဆောင်မှု ပေးခဲ့ကြရတာပါ။  မက္ကာမြို့က ဟိုတယ်လုပ်ငန်းဟာ ကပ်ဘေးကြောင့် ဒီနှစ်မှာ ဘုရားဖူးတွေဆီက ရမယ့်ဝင် ငွေ ၄၀ ရာခိုင်နှုန်းထက် မနည်း ဆုံးရှုံးမယ်လို့ စီးပွားရေးပညာရှင်တွေက ခန့်မှန်းထားပါတယ်။   
7 months Ago
Up