တင်းကျပ်စွာစစ်

A d v e r t i s e m e n t With Us

April 16, 2020

ရောဂါလက္ခဏာမပြသည့် COVID-19 ကူးစက်ခံရသူများကို ဖိလစ်ပိုင်အစိုးရ တင်းကျပ်စွာစစ်ဆေး

ဖိလစ်ပိုင်နိုင်ငံဟာ အာရှမှာ အတင်းကျပ်ဆုံးနဲ့ အစောပိုင်း ရောဂါခြေချုပ် ကန့်သတ်ပိတ်ပင်မှုတွေ လုပ်ခဲ့တဲ့နိုင်ငံပါ။ ဒါပေမဲ့ နိုင်ငံထဲမှာ လက္ခဏာမပြဘဲ ကူးစက်ခံရသူ ၁၅၀၀၀ လောက် ရှိနိုင်တယ်လို့ အစိုးရက ပြောပြီး ပိုတင်းကျပ်တဲ့ စစ်ဆေးရေး အစီအစဉ်ကို ဧပြီ ၁၄ ရက်က စတင်လိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာတွေကို ကုသပေးနေတဲ့ မနီလာဆေးရုံမှာ တက်ရောက် ကုသနေသူတွေ အလုပ်လုပ်နေသူ ၈၀၀၀ နဲ့ အင်္ဂါနေ့မှာ စတင်စစ်ဆေးတဲ့ အစီအစဉ်မှာ အဆင့် အတော်များများကို အာဏာပိုင်တွေက လုပ်ဆောင်ခဲ့ပါတယ်။ အာခေါင်တို့ဖတ်ယူတဲ့ ကောင်တာတွေကို ကွီဇုံမြို့မှာ ထားပြီး ကူးစက်ခံ ဟုတ်၊ မဟုတ် နမူနာစစ်ဆေးမှုကို ပိုမြန်အောင် ဆောင်ရွက်ခဲ့တာပါ။  ကွီဇုံမြို့ဟာ မနီလာမြို့တော်ရဲ့ အကြီးဆုံး ဆင်ခြေဖုံးမြို့တွေထဲက တမြို့ဖြစ်ပြီး ရာနဲ့ချီတဲ့ ကူးစက်ခံတွေကို ဖော်ထုတ်တွေ့ရှိထားတဲ့ မြို့လည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အမြင့်ဆုံးတနိုင်ငံ ဖြစ်ပြီး ကူးစက်ခံ အတည်ပြုလူနာ ၄၀ ရာခိုင်နှုန်း သေဆုံးခဲ့ပါတယ်။ ဧပြီ ၁၄ ရက်ထိ အတည်ပြုချက်တွေအရ ဖိလစ်ပိုင်မှာ ကူးစက်ခံ လူနာ ၅၂၂၃ ယောက်ရှိပြီး ကူးစက်ခံ ၃၃၅ ယောက် သေဆုံးခဲ့ပါတယ်။  
11 months Ago
Up