တင်းကျပ်

May 22, 2020

အက်သလက်တီကို မင်နဲရိုးအသင်း တင်းကျပ်သည့်စည်းကမ်းများဖြင့် လေ့ကျင့်ခန်းပြန်စ

ဘရာဇီးကလပ် အက်သလက်တီကို မင်နဲရိုးအသင်းဟာ တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ လေ့ကျင့်ခန်း ပြန်လည်စတင်ခဲ့ပါတယ်။  ဘရာဇီးနိုင်ငံဟာ တောင်အမေရိကမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှု အများဆုံးနိုင်ငံဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းအထိ လူပေါင်း ၃ သိန်း ၁ သောင်းကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၂ သောင်းကျော်ရှိဖြစ် ဖြစ်ပါတယ်။ အက်သလက်တီကို မင်နဲရိုးအသင်းကတော့ မေ ၂၀ ရက်နေ့က လေ့ကျင့်ခန်းပြန်ဆင်းခဲ့တာပါ။  ကစားသမား ၅ ဦးစီကို သီးခြားစီခွဲ လေ့ကျင့်စေခဲ့တာဖြစ်ပြီး အသုံးအဆောင်ပစ္စည်းတွေကိုလည်း အိမ်ကနေယူဆောင်လာဖို့ အသင်းက စည်းကမ်းသတ်မှတ် ထားပါတယ်။  အစားအသောက်တွေကအစ အသင်းကနေ ကျွေးမွေးခြင်းမရှိတော့ဘဲ ကိုယ့်အစီ အစဉ်နဲ့ကိုယ် တာဝန်ယူစေခဲ့ပြီး တဆင့်ချင်းစီသွားရမယ်လို့ အသင်းဆရာဝန် ဒေါက်တာ ရိုဒရီဂို လက်စ်မာက ပြောပါတယ်။  ဘရာဇီးလိဂ်ပြိုင်ပွဲကို ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်ကတည်းက ရပ်နားထားခဲ့တာပါ။ ဘရာဇီးသမ္မတ ဂျားဘော်လ်ဆန်နာရိုကတော့ ပြိုင်ပွဲကို အမြန်ဆုံးပြန်လည်ကျင်းပဖို့ ဆန္ဒရှိပေမယ့် ဗိုင်းရပ်စ်ကူးစက်မူ များပြားနေတာကြောင့် မျှော်မှန်းထားတာထက် နောက်ကျပြီးမှ ပြန်လည်စတင်နိုင်ဖို့ ရှိနေပါတယ်။ 
11 months Ago
Up