တင်မြှောက်

A d v e r t i s e m e n t With Us

January 7, 2020

လူးဝစ်ပါရာကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဗင်နီဇွဲလား တင်မြှောက်

ဗင်နီဇွဲလား အာဏာပိုင်တွေဟာ ဇန်နဝါရီလ ၅ ရက်က အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုကို လွှတ်တော်ထဲ အဝင်မခံဘဲ လူးဝစ်ပါရာကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်လိုက်ပါတယ်။ ဒီလုပ်ရပ်ကို လွှတ်တော်အာဏာသိမ်းမှုအဖြစ် ဂွယ်ဒိုက ခေါ်ဆိုလိုက်ပါတယ်။ လွှတ်တော်အတွင်း အငြင်းပွားဖွယ် ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးနောက် နိုင်ငံပိုင်ရုပ်သံကနေ  လူးဝစ်ပါရာကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် ကြေညာခဲ့တာပါ။ ပါရာဟာ အကျင့်ပျက် ခြစားမှု စွဲချက်တွေနဲ့ ပြီးခဲ့တဲ့လက အတိုက်အခံပါတီကနေ ထုတ်ပယ်ခံရသူ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ အတိုက်ခံအမတ်တွေက ဟွမ်ဂွယ်ဒိုကို လွှတ်တော်ဥက္ကဋ္ဌ ပြန်တင်မြှောက်ခဲ့ပါတယ်။  လက်နက်ကိုင်တပ်ဖွဲ့တွေက လွှတ်တော်ထဲ အမတ်တွေ ဝင်ရောက်ခွင့် တားမြစ်ထားတာဖြစ်လို့  အဲဒီလို တင်မြှောက်ပွဲကို တခြားနေရာတခုမှာ လုပ်ခဲ့ရပါတယ်။   သမ္မတ မာဒူရိုအစိုးရရဲ့ အကွက်ရွှေ့မှုကို အမေရိကန်၊ အီးယူနဲ့ လက်တင်အမေရိကနိုင်ငံ အများအပြားက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီလုပ်ရပ်ဟာ မာဒူရိုကို ဖယ်ရှားမယ့် အတိုက်အခံရဲ့ ကြိုးပမ်းချက်ကို  အားပျော့သွားစေနိုင်ပြီး နိုင်ငံရေးအကျပ်အတည်း ဖြစ်နေတဲ့ နိုင်ငံမှာ လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦး ပေါ်ပေါက်စေခဲ့ပါတယ်။ အတိုက်အခံထောက်ခံတဲ့ သတင်းစာဌာနချုပ်မှာ လွှတ်တော်အစည်းအဝေး ပြန်စပြီးနောက် မဲပေးသူ လွှတ်တော်အမတ် ၁၆၇ ယောက်မှာ အယောက် ၁၀၀ က ဟွမ်ဂွယ်ဒိုကို ထောက်ခံမဲပေးခဲ့တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
1 year Ago
Up